ဖြေကြားချက် ၅ ခု
ဝဥ ၁။မျိုးရွေးချယ်ခြင်း မျိုးသီး (အနီ) တစ်နှစ်ဥ (အနီ/ အဝါ/ အဖြူ)မျိုးရှိပါတယ် မျိုးရွေးပြီးရင် မျိုးစေ့လူးနယ်ဆေးနဲ့ နယ်ပြီးတော့ အခင်းပေါ်ဖြန့်ပြီး လေသလပ်ခံရပါမယ် ၂။စိုက်ခင်းပြင်ဆင်ခြင်း မျိုးသီးပျိုးထောင်စိုက်ပျိုးခြင်း [မျိုးသီးကို လူးနယ်ဆေးစီရင်ကာ ၂လက်မ ပတ်လည် ဘောင်ဖြင့် ပျိုးခင်း ပြုလုပ်ခြင်း] တစ်နှစ်ဥစိုက်ပျိုးခြင်း [ တစ်ပေ ပတ်လည် အကွက်ချပြီး ဆယ်တန်း တစ်တန်းလှပ် ပုံစံဖြင့် လည်း စိုက်နိုင်ပါတယ်] အခြားစိုက်ပျိုးနည်း(ပင်ကြား တန်းကြား အမျိုးမျိုး ဖြင့် လည်း စိုက်နိုင်ပါတယ် ) ၃။စိုက်ခင်းပြုစုခြင်း ပိုး (ရွက်စား ခူများ၊ ဖိုးလမင်းကျိုင်း နှင့် သီးလုံးဖောက်ပိုး)ကျတတ်ပါတယ် ပေါင်း/မြက် ကိုတော့ တစ်နှစ် သုံးကြိမ်တော့ ရှင်းပေးရပါတယ် ၄။တူးဖော်ခြင်း မျိုးသီးကတော့ မဖော်ဘဲထားလို့ရပါတယ် မျိုးသီးက ပျိုးခင်းအဆင့် မှ ငါးနှစ်နေမှ ဖော်လို့ရမှာပါ တစ်နှစ်ဥ က စိုက်ပြီး ပထမနှစ် မှ ဒုတိယနှစ်အပင်ကျချိန် ရွက်သီး ကောက်ပြီး ပြန်ပျိုးလို့ရပါတယ် (မှတ်ချက်။ အနီမျိုးသာ ရွက်သီးပါ) ဒုတိယနှစ်မှာတော့ ဝဥဖော်လို့ရပါပြီ အထွက်နှုန်း ကတော့ မျိုး (နီ/ ဝါ/ ဖြူ)၊ စိုက်စနစ် (ပင်ကြား တန်းကြား)နှင့် မြေ ပေါ် မူတည်ပြီး ကွာနိုင်ပါတယ် (အတွေ့အကြုံဖြင့်ရေးသားခြင်းဖြစ်ပါသည်) (အမှားရှိလျှင် စေတနာ ဖြင့် ပြုပြင်ပေးပါ) (စိတ်ကိုယ်ချမ်းသာ ကြီးပွားကြပါစေ)@ysa
ဆက်စပ်မေးခွန်းများ
ကော်ဖီစိုက်နည်းနှင့်အပင်ပြုစုနည်းအဆင့်ဆင့်လေးသိခြင်လို့ပါ
ဖြေကြားချက် 5 ခု
ကော်ဖီစိုက်ချင်ပါတယ် ဆရာ ကျောက်ဆည် မြို့နယ် သံရွာ မှာစိုက်လို့ရပါသလား သိချင်ပါတယ်
ဖြေကြားချက် 3 ခု
ကော်ဖီစေ့1ကီလိုမှာပျိုးပင့်ဘယ်လောက်ရပါသလားဗျာ
ဖြေကြားချက် 2 ခု
ကော်ဖီကိုအထွက်နှုန်းတိုးအောင်ဘယ်လိုစိုက်ပျိုးရမှာလဲ အကြံပြုပေးကြပါ
ဖြေကြားချက် 3 ခု
ပန်းကော်ဖီ
ဖြေကြားချက် 2 ခု