ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ
မှိုကြောင့်ဖြစ်တာလား
ဂန္ဓမာရွက်ပြောက်ရောဂါ (Chrysanthemum Septoria Leaf Spot) ကျရောက်နေခြင်း ဖြစ်ပါတယ်။ တောင်သူဦးကြီးအနေဖြင့် Hexaconazole၊ Mancozeb နှင့် Carbendazim တို့ကို ဖျန်းထားသော်လည်း ဆေးအုပ်စု တူညီနေခြင်းနှင့် ဆေးယဉ်ပါးမှု (ဆေးဒဏ်ခံနိုင်ရည်) ရှိသွားခြင်းကြောင့် ရောဂါမငြိမ်ခြင်း ဖြစ်နိုင်ပါတယ်။ ဤမှိုရောဂါကို နှိမ်နင်းရန်အတွက် ရောဂါရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးပစ်ပါ၊ အပင်ခြေကိုသာ ရေလောင်းပြီး အရွက်ပေါ်ရေတင်ခြင်းကို ရှောင်ကြဉ်ပါ။ လက်ရှိဆေးမျိုးအစား ဆေးအုပ်စုမတူဘဲ ပိုမိုစွမ်းထက်သည့် Azoxystrobin (အဇိုဆီစတိုဗင်) မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးကပ်ဆေး (Sticker) နှင့် တွဲဖက်၍ အရွက်အထက်အောက် နှံ့စပ်အောင် ပြောင်းလဲပက်ဖျန်းပေးရပါမယ်။ထို့နောက်ဘက်တီးရီးယားနှင့်မှိုရောဂါကျရောက်မှုသက်သာကာကွယ်နိုင်ရန် Azoxystrobinဖျန်းပြီး ၇ရက်အကြာမှာ Copper oxychloride ကို နေအေးချိန်၌ဖျန်းပက်ကာကွယ်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးများပီးပန်းအောက်အရွက်တေမှာဒီလိုဖစ်လာလို့ပါ
ဖြေကြားချက် 2 ခု
မိုးများပီးပန်းအရွက်တေဒီလိုဖစ်နေလို့ပါ
ဖြေကြားချက် 4 ခု
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေ...
ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲဆရာတို့လမ်းညွန်ကြပါအုံး
ဖြေကြားချက် 2 ခု
ဘယ်လမှာစိုက်ရလဲဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။