အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
43
လွန်ခဲ့သော ၁ ပတ် က · ပန်းတနော်

ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါ...

ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅၀ ရက်
အပင်အာဟာရ ကွမ်း
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဟိုမုန်း သို့မဟုတ် နိုက်ထရိုဖိနော နုန်းထားများတာမဟုတ်ရင်၊အရွက်အောက်ဖက်မှာ မွှား(broad mite)ရှိနိုင်ပါတယ်။ဖုန်းမျက်နှာပြင်ပေါ်ကို အရွက်ခါချကြည့်ပါ။ ဖုန်မှုန့်လေးတွေလို တွေ့ရပါမယ်။သေချာစစ်ကြည့်ပါဦး။

348,989 လွန်ခဲ့သော ၁ ပတ် က

ပုံပါ ကွမ်းရွက်များ အထက်သို့ လိပ်တက်နေခြင်း သည် ပိုးမွှားနှင့် ရောဂါလက္ခဏာ မတွေ့ရပါက ပတ်ဝန်းကျင်ဆိုင်ရာ စိတ်ဖိစီးမှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် ဖြစ်နိုင်ခြေ အများဆုံးပါ။ အဓိကအားဖြင့် ရာသီဥတု အလွန်ပူပြင်းခြောက်သွေ့ခြင်းကြောင့် အပင်က ရေငွေ့ပျံမှုကို လျှော့ချရန် အရွက်ကို လိပ်လိုက်ခြင်း ဖြစ်နိုင်သလို၊ မြေဆီလွှာတွင် ပိုတက်စီယမ် သို့မဟုတ် ကယ်လ်စီယမ်ဓာတ် ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထို့ပြင် ဓာတ်မြေဩဇာနှင့် အားဆေးများ အလွန်အကျွံ ကျွေးမိပါကလည်း အမြစ်က ရေနှင့်အဟာရမစုပ်နိုင်ဘဲ အရွက်လိပ်တတ်ပါတယ်။ ယင်းကို ဖြေရှင်းရန် စိုက်ခင်းကို အရိပ်စနစ်တကျ လုပ်ပေးခြင်း၊ ရေမှန်မှန်လောင်းခြင်းနှင့် သဘာဝမြေဆွေး ဖြည့်တင်းပေးခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။အရွက်များ၏ အောက်မျက်နှာပြင်တွင် မမြင်ရလုနီးပါး သေးငယ်သော မွှားပိုးသို့မဟုတ် လှေးပိုးများ ရှိ/မရှိကို ဖုန်းကင်မရာဖြင့်မြင်ကွင်းချဲ့၍ သေချာစွာ ထပ်မံစစ်ဆေးရန် လိုအပ်ပါတယ်။ ပိုးမွှားလုံးဝမရှိကြောင်း သေချာပါက အထက်ပါအတိုင်း ရေသွင်းရေထုတ်၊ အရိပ်နှင့် သဘာဝမြေဆွေး ကျွေးနည်းစနစ်ကို အရင်ဆုံး ပြုပြင်ပေးသင့်ပါတယ်။ အမိုင်နိုအက်ဆစ်အားဆေးနှင့် အနည်းလိုအဟာရအားဆေးများ မနက်စောစောဖျန်းပေးနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကွမ်းရွတ်အောက်မှာ ဒီပိုးကောင်းတွေကို တွေ့ရပါတယ် ဘာပိုးလို့ ခေါ်ပါသလဲ ဘယ်လိုနှိမ်နှင်းရမလဲ အမိုးက တမာရွတ်မိုးပါ

ဖြေကြားချက် 2 ခု

ဆရာရေ ကျနော့်ကွမ်းပင်က စဖြစ်တာက ပင်ခြေကမဲပြီး အစိမ်းအတိုင်းညိုးပါတယ် နှုတ်လိုက်တဲ့အမြစ်ဆုံက ပုံပါအတိုင်းပါ...

ဖြေကြားချက် 2 ခု

ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့

ဖြေကြားချက် 2 ခု

"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေး...

ဖြေကြားချက် 3 ခု

ဂျီဗာမရုသမ်ဆေးရည်က များရင် အပင်လောင်တက်သလား .ကွမ်းခြံအတွက် အပင်ခြေလောင်းချင်လို့ပါ ဆေးရည်က ဖျော်တာ များနေလို့...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။