ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့...
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
အချိုးညီသာကျွေးပါ။
@ဒို့ဦးလေး အောက်ကအစာကျွေးရင် ပုလဲကျွေးသင့်လား N P K အချိုးညီတာ ကျွေးသင့်လားဗျ
ကျေးဇူးပါဗျ
မြေက သဲဆန်ပုံရတယ်။အစာထိန်းအားနည်းတော့၊ရာသီဥတုဒဏ်မခံနိုင်ပဲ အပင်မှိုင်နေတယ်။ရွက်ပြောက်တွေ့ရတယ်။ မိုးဆက်လိုက်ရင်၊septoria leaf spotဝင်နိုင်တယ်။ အောက်က အစာလည်းကျွေးပါ။ ကော့ပါးနဲ့ကာဆူမင် သို့မဟုတ် bismerthiazol တကြိမ်ဝင်ပါ။5ရက်ခြားပြီး၊azoxystrobin+difenoconazole တကြိမ်ဝင်ပါ။ဝိုင်ခွအောက်က အောက်ခြေကိုင်းပယ်ပါ။
ကျေးဇူးပါဗျ
ခရမ်းချဉ်စောပင်နာကျရောဂါ (Early Blight) သည် Alternaria solani မှိုကြောင့် ဖြစ်ပွားပြီး မိုးဆက်တိုက်ရွာသွန်းကာ အစိုဓာတ်များခြင်းက ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ ဤရောဂါကို သက်သာစေရန် ပထမဆုံးအနေဖြင့် မြေကြီးနှင့် နီးကပ်နေသော အောက်ခြေအရွက်ဟောင်းများနှင့် ရောဂါရအရွက်များကို ဆိတ်ထုတ်ဖျက်ဆီးပစ်ရပါမယ်။ ထို့နောက် စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျ ဖောက်ပေးပါ။ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကလိုရိုသာလိုနေး (Chlorothalonil) ကဲ့သို့သော ကာကွယ်ဆေးများကို တစ်ပတ်လျှင် တစ်ကြိမ် ဖျန်းပေးရပါမယ်။ ရောဂါပြင်းထန်ပါက အဇိုဆီစထရိုဘင် (Azoxystrobin) ပါဝင်သော ကုသဆေးကို အမြန်ဆုံးအသုံးပြုနိုင်ပြီး၊ အပင်ပြန်လည်လန်းဆန်းလာစေရန် ပိုတက်ဆီယမ်ဓာတ် မြင့်မားသော အားဆေးကို တွဲဖက်ပက်ဖျန်းပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက...
ဖြေကြားချက် 3 ခု
ဆရာ မိုးအရမ်းရွာနေပါတယ်ခင်ဗျ ခရမ်းချဥ်ခင်းအတွက်စိတ်ပူရပါတယ်😌 အရမ်းချဥ်က သီးလွန်းတော့ ကြိုးတွေလဲမနိုင်တော့ဘူး...
ဖြေကြားချက် 2 ခု
ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?
ဖြေကြားချက် 6 ခု
trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထား...
ဖြေကြားချက် 2 ခု
(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။