အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Theint Theint Nway
လွန်ခဲ့သော ၁၅ နာရီ က · စဉ့်ကူး

စပါးပင်တွေကဖီလဲနေလို့ အနှံမထွက်နိုင်မှာမို့ ရိတ်လို့ရတယ်မလား 75ရက်သားပါ ပိုတက်ကိုဘယ်ချိန်နောက်ဆုံးထားကျွေးသင့်လဲ

အပင်အာဟာရ စပါး
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 357,144 လွန်ခဲ့သော ၁၅ နာရီ က

စပါးပင်အရွက်အဖျားဖြတ်လို့ရ၊မရက စပါးအနှံစတင်သန္ဓေတည်ပြီး မှို့ကပ်ချိန် သို့မဟုတ် အနှံထွက်ခါနီးအချိန်ဖြစ်ရင် အလံရွက်အပါအဝင် ရွက်ဖျားများကို ဖြတ်လိုက်ပါက အစာချက်လုပ်မှုစွမ်းရည် ကျဆင်းကာ စပါးနှံမအောင်ဘဲ အဖျင်းများခြင်း၊ အထွက်နှုန်းကျခြင်းနှင့် ဓားဒဏ်ရာမှတစ်ဆင့် ရွက်ခြောက်ရောဂါပိုးများ ဝင်ရောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။အသက် ၇၅ ရက်သား စပါးပင်များ ယိုင်လဲနေတာဆို တော့မိမိစပါးခင်းက မှို့ကပ်၊ဖုံးလုံးချိန်ရောက်နေပြီလား၊ရောက်နေပြီဆိုရင်တော့မဖြတ်သင့်ပါဘူးခင်ဗျာ၊ မှို့ကပ်ချိန်တွက်ဖို့ စပါးသက်တမ်းထဲမှ -၆၅ရက်ကို နှုတ်ကြည့်ပါဗျ။ ပိုတက်ရှ်မြေဩဇာကို စပါး မှို့ကပ်ချိန်တွင် ချက်ချင်းကျွေးပေးသင့်ပြီး၊ အပင်သန်မာစေရန် ယူရီးယားကျွေးခြင်းကို ရပ်ဆိုင်းကာ စိုက်ခင်းအတွင်း ရေသွင်းရေထုတ် (ရေထုတ်လိုက်၊ ရေသွင်းလိုက်) စနစ်ကို လုပ်ဆောင်ပေးရပါမယ်။

ကျော်ထက်အောင်
ကျော်ထက်အောင် 27 လွန်ခဲ့သော ၁၅ နာရီ က

ပိုတက်ကျွေးရင် စပါး သတ်တမ်းကိုကြည့်ပြီး ကျွေးပေးရတယ် စပါးဗိုက်မဖောင်းချိန်15 ရက်အလိုမှာ ကြဲပက်ပေးရမယ် green way က စိုက်ပျိုးရေးပညာရှင်တွေနဲ့ ဆွေးနွေး ကြည့်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။