အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုငြိမ်းဦး
လွန်ခဲ့သော ၃ ပတ် က · ကျောက်ဆည်

ဒီလိုဖြစ်နေတာ ဘာရောဂါလဲဗျာ ဘယ်လိုဆေးတွေနဲ့ကုသရမလဲဆိုတာ ပြောပေးပါအုံး ဆရာတို့ (ခရမ်းကအခုမှစိုက်ဖူးတာပါ)

ပိုးမွှားရောဂါ ခရမ်းသီး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 412,246 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ခရမ်းသီးအရေပြား ညိုမဲကြမ်းတမ်းပြီး ဖုထွက်နေခြင်းသည် အသီးကင်းငယ်စဉ်တွင် လှေးပိုး (Thrips) သို့မဟုတ် မွှားပိုး (Broad Mite) ကဲ့သို့သော စုပ်စားပိုးများ ခြစ်စားအရည်စုပ်ယူခဲ့သည့် လက္ခဏာဖြစ်ပါတယ်။ ပျက်စီးနေသော အသီးများကို ချက်ချင်းဆွတ်ခူးဖျက်ဆီးပစ်ရန် လိုအပ်ပြီး စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်းလင်းခြင်း၊ အောက်ခြေရွက်ဟောင်းများ ညှပ်ပေးခြင်းတို့ ပြုလုပ်ရပါမယ်။ ထပ်မံမပြန့်ပွားစေရန်အတွက် လှေးပိုးအတွက်စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အီမာမက်တင် ဘန်ဇိုအိတ် (Emamectin benzoate) သို့မဟုတ် ဖစ်ပရိုနေး (Fipronil) ကိုလည်းကောင်း၊ မွှားပိုးအတွက် အဘာမက်တင် (Abamectin) ကိုလည်းကောင်း ပန်းပွင့်ချိန်နှင့် အသီးကင်းဝင်စတွင် အရွက်အောက်မျက်နှာပြင်နှင့် အညှာများအထိ ရောက်အောင် စနစ်တကျ လဲလှယ်ပက်ဖျန်းသုံးစွဲလေ့ရှိတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။