အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aye Chan Min
လွန်ခဲ့သော ၄ ရက် က · ပန်းတနော်

GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ

မြေဆီလွှာ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 364,692 လွန်ခဲ့သော ၄ ရက် က

GW 11 စပါးမျိုးသည် သက်တမ်း ရက် ၁၁၀ မှ ၁၁၅ ရက်ခန့်သာရှိသော သက်လျင်စပါးမျိုးဖြစ်၍ အထွက်နှုန်းကောင်းရန် အချိန်ကိုက်မြေဩဇာကျွေးရန် လိုအပ်ပါတယ်။ မြေပြင်ချိန်တွင် အမြစ်ပွားအားကောင်းစေရန် တီစူပါ (P)အိတ်ဝက်၊ ပိုတက်ရှ်(K) အိတ်ဝက်ကို မြေခံအဖြစ် ထည့်ရမယ် မြေခံမှာမထည့်ခဲ့ပါက စပါးသက်တမ်း၁၅ရက်နောက်ပိုင်းမှစ၍ကျွေးပေးပါ။ စိုက်ပျိုးပြီး သက်တမ်း ၂၀-၂၅ ရက် (အပင်ပွားချိန်) တွင် အပင်သန်မာစေရန် ယူရီးယား အိတ်ဝက် ထပ်မံကျွေးရပါမယ်။ နောက်ဆုံးအနေဖြင့် သက်တမ်း ၅၀-၅၅ ရက် (မှို့ကပ်ချိန်) တွင် စပါးနှံရှည်ပြီး အောင်စေ့များစေရန် ယူရီးယား အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်ကို တွဲဖက်ကျွေးရပါမယ်။ မြေဩဇာမကျွေးမီ ပေါင်းမြက် ရှင်းလင်းထားရန်နှင့် ကျွေးပြီးစတွင် ရေကို ခပ်စပ်စပ်သာ ထားရှိရန် လိုအပ်ပါတယ်။ အနှစ်ချုပ်ရရင် ပုလဲကို စပါးပင်အရွက်အရောင်ကြည့်ပြီး လိုအပ်ချင့်ချိန်ကျွေးနိုင်ပြီးပိုတက်ရှ် Kကိုတော့ မဖြစ်မနေမှို့ကပ်ချိန်မှာ ထည့်‌သွင်းပေးဖို့လိုပါတယ်။ Pနှင့်Kကို တော့ မြေခံမှာထည့်ရင်ထည့်၊မထည့်ရင်စပါးသက်တမ်းအစောပိုင်းမှာထည့်

You

ဆက်စပ်မေးခွန်းများ

ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ

ဖြေကြားချက် 1 ခု

မေးပါဦးမယ်ခင်ဗျ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်တဲ့စပါးခင်းတွေမှာ စပါးသက်တမ်းတွက်ရင် ပျိုးခင်းမှာ အညှောင့်ပေါက်...

ဖြေကြားချက် 1 ခု

ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လို...

ဖြေကြားချက် 7 ခု

ကျွန်​တော့ စပါးခင်းမှာ ပိုးကျ​နေလို့ပါဗျ ဘာပိုးလဲ ဘယ်​ဆေးကို သုံးရမလဲ ညွှန်ကြား​ပေးပါအုံးဗျ

ဖြေကြားချက် 2 ခု

ကျွန်​တော့ စပါးခင်းမှာ ပိုးကျ​နေလို့ပါဗျ ဘာပိုးလဲ ဘယ်​ဆေးကို သုံးရမလဲ ညွှန်ကြား​ပေးပါအုံးဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။