ဖြေကြားချက် ၁ ခု
မြေ ၁.၈၀ ဧကအတွက် ဂျစ်ပဆမ် ၅အိတ်မှ ၇ အိတ်ခန့် အသုံးပြုရန် လိုအပ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်အရ မြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် ဂျစ်ပဆမ် (၅၀ ကီလိုဂရမ်ဝင်) ၃ အိတ်မှ ၄ အိတ်နှုန်း ထည့်သွင်းရမည်ဖြစ်ရာ ၁.၈၀ ဧကအတွက် အနည်းဆုံး (၅ အိတ်) မှ အများဆုံး (၇ အိတ်) အထိ တွက်ချက်ရရှိပါတယ်။ မြေပဲဥများ အဆံအပြည့်ဖြစ်စေရန်နှင့် ဖျင်းခြင်းမှ ကာကွယ်ရန် ဂျစ်ပဆမ်ကို မြေပြင်ချိန်တွင် မြေခံအဖြစ်ဖြစ်စေ၊ သက်တမ်း ရက် ၃၀-၄၅ ရက် ပန်းပွင့်စွယ်ချချိန်တွင် ဖြစ်စေ ထည့်သွင်းပေးရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲမြစ်ဖုမြေဩဇာကို ကိုယ်တိုင်လုပ်လို့ရလား
ဖြေကြားချက် 2 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံ...
ဖြေကြားချက် 3 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့်...
ဖြေကြားချက် 2 ခု
ပိုးသတ်းဆေး အလန်း ပိုးသတ်ဆေးနဲ့ အသီး ဥ အားဆေး အားမြန် တွဲဖြန်းလို့ ရပါသလား ခင်ဗျ အ
ဖြေကြားချက် 3 ခု
မြေပဲတွေကဥကဥတယ်မှိုနိပ်စက်လို့သိပ်မရလိုက်ဘူး...အပင်ခြေတွေမှာဲကြတာအပင်ကစိမ်းနေပြီးနုတ်လိုက်မှဥတွေပြုတ်ကြနေခဲတာ....
ဖြေကြားချက် 2 ခု