ဖြေကြားချက် ၁ ခု
ပဲတီစိမ်း မစိုက်ပျိုးမီ ရိုးပြတ်နှင့် ကောက်ရိုးများ ဆွေးမြည့်စေရန် အီးအမ်နှင့် ထရိုင်ကိုဒါးမား တွဲစပ်ပက်ဖြန်းပြီးနောက် အနည်းဆုံး ၇ ရက်မှ ၁၀ ရက်ခန့် စောင့်ဆိုင်းပြီးမှ ပဲကြဲသင့်ပါတယ်။ အကြောင်းမှာ အဏုဇီဝရုပ်များ ကောက်ရိုးခြေဖျက်ချိန်တွင် ထွက်ရှိလာသော အပူဓာတ်ကြောင့် ပဲမျိုးစေ့များ အပင်မပေါက်ခြင်းနှင့် အပင်နုလောင်ခြင်းတို့ကို ကာကွယ်ရန် ဖြစ်တယ်။ ဆေးနှုန်းထားကို ဝယ်ယူထားသည့် ဗူး/အထုပ်ပါ အညွှန်းအတိုင်း တိကျစွာ သုံးစွဲရမည်ဖြစ်ပြီး၊ ပဲတီစိမ်းမျိုးစေ့ နှုန်းထားမှာ မြေပြင်အနေအထားအရ တစ်ဧကလျှင် အတန်းလိုက် စိုက်ပျိုးခြင်း (မိုးကြို/မိုးနှောင်း) တွင် တစ်ဧကလျှင် ၆ ပြည်မှ ၈ ပြည် အထိ အသုံးပြုရတယ်။ သီးနှံကြဲခင်းစနစ် တွင်မူ တစ်ဧကလျှင် ၆ ပြည်မှ ၈ ပြည် (သို့မဟုတ် မြေအစိုဓာတ်ပေါ် မူတည်၍ မြေအစိုဓာတ်နည်းပါက ၁၀ ပြည်မှ ၁၂ ပြည် အထိ) ပိုမို အသုံးပြုကြရတယ်။မိမိကိုယ်တိုင်ချင့်ချိန်စဉ်းစားနိုင်ပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဖြေကြားချက် 1 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိ...
ဖြေကြားချက် 2 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်...
ဖြေကြားချက် 2 ခု
ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.
ဖြေကြားချက် 3 ခု
ပဲတီစိမ်းခုတ်ဖုံးအတွက်နည်းလမ်းလေးမျှဝေပေးပါဆရာ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ