အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
u win zaw
u win zaw 30
လွန်ခဲ့သော ၆ နာရီ က · ပုသိမ်

ကျဲခင်း၁၀ရက်တွင်​ပေါက်​နေတဲ့​မြေဇာမြက်ကိုဘယ်​ပေါင်းသက်​ဆေးသုံးရမလဲဆရာ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၀ ရက်
စိုက်ပျိုး ဗဟုသုတ စပါး
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 372,768 လွန်ခဲ့သော ၄ နာရီ က

မြေဇာမြက် ကို နှိမ်နင်းရန် စပါးသက်တမ်း ၁၅-၂၅ ရက် (ပေါင်းပင် အရွက် ၃-၅ ရွက်ထွက်ချိန်) တွင် စပါးရွေးချယ်သတ် ပေါင်းသတ်ဆေးများဖြစ်သည့် Bispyribac-sodium၊ Cyhalofop-butyl သို့မဟုတ် Fenoxaprop-p-ethyl တစ်မျိုးမျိုးကို မြေအစိုဓာတ်ရှိချိန်၌ ပက်ဖျန်းပေးရပါမယ်။ ဆေးဖျန်းပြီး ၂-၃ ရက်တွင် လယ်ကွင်းထဲသို့ ရေ ၂ လက်မခန့် ပြန်သွင်း၍ အနည်းဆုံး ၁ ပတ်ကျော်ကြာ ရေလှောင်ပိတ်ထားခြင်းဖြင့် ပေါင်းပင်များ ပြန်မပေါက်အောင် ဖိနှိပ်ထားရပါမယ်။ ထို့ပြင် ဆေးမဖျန်းမီနှင့် ဖျန်းပြီး ၁ ပတ်အတွင်း ဓာတ်မြေသြဇာကျွေးခြင်းကို ရှောင်ကြဉ်ရပါမယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။