အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၄ ရက် က · ပင်းတယ

ဆရာခင်ဗျ ဆိုင်မိုဇနေးနဲ့မီသိုမော့ကိုမန်ကိုဇက်နဲ့ရောပြီးတလည့်စီဖြန်းပါတယ်ခင်ဗျဘယ်ဆေးအထိရောက်ဆုံးဖြစ်မလည်းဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image

ဖြေကြားချက် ၇ ခု

သော်ဇင်
သော်ဇင် 383,696 လွန်ခဲ့သော ၄ ရက် က

Caနှင့်ပိုတက်စီယမ်ကို ရောဂါသက်သာပြီမှပေးပါ၊ အခုလောလောဆည်တော့ မှိုဆေးတစ်မျိုးနှင့်တစ်မျိုးအနည်းဆုံး၅-၇ရက်ခြားဖျန်းပေးရင်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်ဗျ၊ ဆေးဝါးကုသမှုအပြင် စိုက်ပျိုးနည်းစနစ်ဖြင့်လည်း တွဲဖက်လုပ်ပေးသင့်ပါတယ်ဗျ၊ အပေါ်မှာဘာတွေလုပ်ရမလဲဖြေကြားပေးထားပါတယ်ခင်ဗျာ၊ ဆေးတခါဖျန်းပြီးတိုင်းရောဂါကျအရွက်များအရွက်သစ်များသို့ဆက်လက်ကူးစက်ပျံ့နှံ့ခြင်းရှိမရှိအမြဲစစ်ဆေးပေးပါခင်ဗျာ

ခင်ဇော်ဝင်း
ခင်ဇော်ဝင်း 1,040 လွန်ခဲ့သော ၄ ရက် က

ပိုတက်စီယံနှင့်ကယ်စီယမ်။ ရောဂါရှင်းမှဖြန်းရမှာလား ခင်ဗျ အခုလက်ရှိဒူးပွန်ဇော်ပက်ဖြန်းထားပါတယ် 2ရက်လောက်နေပြီးရင် မီသိုမော့+မန်ကိုဇက်။ ဖြန်းသင့်ပါသလားဆရာခင်ဗျ တော်တော်ဆိုးနေလို့ပါ

သော်ဇင်
သော်ဇင် 383,696 လွန်ခဲ့သော ၄ ရက် က

ပုံပါအတိုင်း ခရမ်းချဉ်ပင်တွင် လောင်မဲရောဂါ (Late Blight) ကျရောက်ပါက အေးမြစိုစွတ်သော ရာသီဥတုတွင် အလွန်လျင်မြန်စွာ ကူးစက်တတ်သဖြင့် ချက်ချင်း ဆောင်ရွက်ရပါမယ်။ ထိရောက်မှု အရှိဆုံး ဆေးဝါးများမှာ ကုသသတ္တိရှိသော ပင်လုံးပြန့်မှိုသတ်ဆေးများဖြစ်သည့် Cymoxanil + Mancozeb သို့မဟုတ် Dimethomorph သို့မဟုတ် Metalaxyl + Mancozeb တို့ ဖြစ်ကြပြီး၊ ၎င်းတို့ကို ၅ ရက်မှ ၇ ရက် တစ်ကြိမ်၊ အရွက်အောက်မျက်နှာပြင်နှင့် ပင်စည်၊ အသီးများပါ နှံ့စပ်အောင် ပက်ဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင် ဆေးစွဲကပ်ပျံ့နှံ့ဆေး ကိုပါ မဖြစ်မနေ ထည့်သွင်းအသုံးပြုသင့်ပါတယ်။ ဆေးဝါးကုသမှုအပြင် ရောဂါရနေသော အရွက်နှင့် အသီးများကို ဆွတ်ခူးပြီး စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးခြင်း၊ လေဝင်လေထွက်ကောင်းအောင် အပင်အောက်ခြေ ရှင်းလင်းပေးခြင်း၊ အပင်ပေါ်မှ ရေလောင်းခြင်းကို ရှောင်ကြဉ်ခြင်းနှင့် ရောဂါကျနေစဉ်အတွင်း နိုက်ထရိုဂျင် (ယူရီးယား) မြေသြဇာ ကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားခြင်းတို့ကို ပူးတွဲလုပ်ဆောင်မှသာ ရောဂါကို အမြစ်ပြတ် အောင်မြင်စွာ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ယင်းအစား အပင်ကိုယ်ခံအား ကောင်းမွန်စေရန် ပိုတက်စီယမ် (Potassium) နှင့် ကယ်လ်စီယမ် (Calcium) ပါဝင်သောရွက်ဖျန်း မြေသြဇာများကို အားဖြည့်ပေးသင့်ပါတယ်။

သော်ဇင်
သော်ဇင် 383,696 လွန်ခဲ့သော ၄ ရက် က

ပုံပါ ခရမ်းချဉ်ပင်ကနှောင်းပင်နာကျ လောင်မဲရောဂါဖြစ်ပါတယ်၊ သုံးစွဲသည့်ဆေးများလည်းမှန်ကန်ပါတယ်ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,121,019 လွန်ခဲ့သော ၄ ရက် က

ရပါတယ်၊ကောင်းပါတယ်။Oxathiapiprolin

ခင်ဇော်ဝင်း
ခင်ဇော်ဝင်း 1,040 လွန်ခဲ့သော ၄ ရက် က

ဒူးပွန့်ဇော်ဗက်ဖြန်းလို့ရပါသလားဆရာ ခင်ဗျဆေးကရှိနေလို့ပါ အဆိုးအကောင်းပိုထိရောက်မှုသိပါရစေခင်ဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,121,019 လွန်ခဲ့သော ၄ ရက် က

ဆိုင်မိုဇနေးရော ဒိုင်မီသိုမော့ရော ၊၂မျိုးလုံးက လောင်မဲရောဂါအတွက်ထိရောက်ပါတယ်။ ဒိုင်မီသိုမော့+မန်ကိုဇက် ကို အရင်ဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်...

ဖြေကြားချက် 2 ခု

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမ...

ဖြေကြားချက် 3 ခု

ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့...

ဖြေကြားချက် 2 ခု

ခရမ်းချဥ်ပင်တွေ ညိုးကျလာလို့ပါရှင် ပင်စည်ဖြတ်ကြည့်တော့လည်း အကောင်းပါပဲ အမြစ်လည်းအဆင်ပြေတယ် ဘာဖြစ်လို့လဲရှင်...

ဖြေကြားချက် 10 ခု

ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။