အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sawsamson
Sawsamson 505
လွန်ခဲ့သော ၂ ရက် က · ထန်းတပင်

မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီးပါပြီ မှိုဆေးအရင်ဖျန်းရမလားအားဆေးအရင်ဖျန်းရမလား ဘာမှိုဆေးဖျန်းသင့်လဲ

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 380,071 လွန်ခဲ့သော ၁ ရက် က

@ye ရောဂါမကျ ရောက်ခင်မှာကာကွယ်ရန်အတွက်ဆိုရင် အားဆေးနှင့် မှိုဆေးတွဲဖျန်းလို့ရပါတယ်၊ ရောဖျန်းလို့မရသည့် မှိုဆေးနှင့် အားဆေးတော့ရှိပါတယ်၊ ရောဖျန်းလို့ရ၊မရသိချင်ပါက ပါဝင်ပစ္စည်းများပြောပြပြီး အစိမ်းရောင်လမ်း Appမှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ

ye
ye 179 လွန်ခဲ့သော ၁ ရက် က

အားေဆးနဲ့မှိုေဆးကတွဲဖျန်းလို့ရလား

သော်ဇင်
သော်ဇင် 380,071 လွန်ခဲ့သော ၂ ရက် က

မတ်ပဲ သက်တမ်း ၂၀ ရက်သားတွင် ပေါင်းသတ်ဆေးဖျန်းပြီးပါက ဆေးရှိန်ကြောင့် ပဲပင်များ ကြီးထွားမှုရပ်တန့်ခြင်းနှင့် အဝါရောင်သန်းခြင်းတို့ ဖြစ်ပေါ်တတ်သဖြင့် အပင်ပြန်လည်လန်းဆန်းစေရန် အားဆေး (သို့မဟုတ်) အပင်ဟော်မုန်း အားဆေးတို့ကို အရင်ဦးဆုံး ဦးစားပေးဖျန်းသင့်ပါတယ်။ ဆေးဖျန်းမည့်အချိန်မှာ ပေါင်းသတ်ဆေးဖျန်းပြီး ၃ ရက်မှ ၅ ရက်အကြာ ပေါင်းပင်များ သေပြီဆိုမှ ပဲပင်များ ပြန်လည်နလန်ထူလာချိန်တွင် ဖျန်းရပါမယ်။ ရောဂါကာကွယ်ရန်အတွက်မူ မှိုသတ်ဆေးကိုပါ အားဆေးနှင့်အတူ ဖျန်းပုံးတစ်ပုံးတည်းတွင် ရောစပ်၍ တစ်ပြိုင်နက်တည်း တွဲဖျန်းနိုင်သဖြင့် အလုပ်ရှုပ်သက်သာစေပါတယ်။ မတ်ပဲပင်ပိုင်းကြီးထွားမှုကာလတွင် ကျရောက်တတ်သော ပဲသံချေး၊ အရွက်ပြောက်နှင့် ဖားဥမှိုရောဂါများအတွက် ကာဗင်ဒါဇင် (Carbendazim) သို့မဟုတ် မန်ကိုဇက် (Mancozeb) ကဲ့သို့သော မှိုဆေးများ သို့မဟုတ် ဟက်ဆာကိုနာဇိုး (Hexaconazole)၊ ပရိုပီကိုနာဇိုး (Propiconazole) ကဲ့သို့သော ပင်လုံးပြန့်မှိုဆေးများကို ရွေးချယ်အသုံးပြုလို့ရပါတယ်။ ထို့အပြင် စိုက်ခင်းအတွင်း မြေအစိုဓာတ်ရှိနေချိန်တွင်သာ ဆေးဖျန်းရန်နှင့် ဗိုင်းရပ်စ်ရွက်ဝါရောဂါသယ်ဆောင်သည့် ယင်ဖြူများရှိမရှိ စစ်ဆေးသင့်ပါတယ်၊ရှိပါက ပိုးသတ်ဆေးပါ ဖျန်းရန်လည်း လိုအပ်နိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်...

ဖြေကြားချက် 5 ခု

မတ်ပဲကို အပင်ငယ်စဉ် ကျန်းမာရေးနဲ့ အပင်အမြစ် အားကောင်းစေဖို့ မျိုးစေ့လူးနယ်ဆေးကို ဘယ်ဟာသုံးသင့်ပါသလဲခင်ဗျ

ဖြေကြားချက် 1 ခု

ဒီလို အခင်းကို မတ်ပဲ ရေလိုက် ကျဲချင်လို့ ပေါင်းသက်ဆေး ထိုးပီ ကျဲရင် အဆင်ပြေနိုင်လား မြတ် မခုတ်ပဲ ပေါင်းသက်ဆေး...

ဖြေကြားချက် 2 ခု

ဂျစ်ပဆမ်ကျောက်မှုန့် က ဘာကိုပြုလုပ်ထားတာလဲ ဘယ်လိုအကျိုးအာနိသင် ရှိချင်ပါတယ်ခင်ဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။