အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
🇲🇲🇲🇲🇲🇲
လွန်ခဲ့သော ၁ ပတ် က · မင်းဘူး

နှမ်းအိတ်ထဲ ပိုးမထွေးအောင် ဘယ်လို ထားရမလဲ...

ပိုးမွှားရောဂါ နှမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 399,773 လွန်ခဲ့သော ၆ ရက် က

နှမ်းကို အိတ်ထဲတွင် ပိုးမကျအောင် သိုလှောင်ရန်အတွက် အဓိကသော့ချက်မှာ အစိုဓာတ်ကို ၇% မှ ၈% ဝန်းကျင်အထိ ရောက်အောင် နေလှန်းအခြောက်ခံခြင်း ဖြစ်တယ်။ သိုလှောင်ရာတွင်ဂုန်နီအိတ်အသစ် သို့မဟုတ် လေလုံအိတ် များကို အသုံးပြုရမည်ဖြစ်ပြီး အိတ်များကို ကြမ်းပြင်နှင့် တိုက်ရိုက်မထိစေဘဲ သစ်သားဆင့်များပေါ်တွင် တင်၍ နံရံနှင့် ခွာထားရမယ်။ သိုလှောင်ရုံသည် လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့အေးမြရမည်ဖြစ်ကာ ပိုးမွှားနှင့် ကြွက်များ မဝင်နိုင်အောင် စနစ်တကျ ပိတ်ဆို့ထားရှိပြီး အနည်းဆုံး နှစ်ပတ်တစ်ကြိမ် ပုံမှန်စစ်ဆေးပေးရန် လိုအပ်ပါတယ်။ပိုးများနှိမ်နင်းနိုင်သည့် ဩဇာရွက်လိုမျိုးထည့်ပေးထားနိုင်ပါတယ်၊ မိတ်ဆွေပတ်ဝန်းကျင်ကိုလည်း မေးကြည့်ပါဦး ဩဇာရွက်လိုအလားတူ ပိုးပြေးစေသည့်အရွက်များလည်းရှိနေနိုင်ပါသေးတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။