နှမ်းပင်တွေအရွက်မှ အစက်အပျောက်တွေဖြစ်နေတာဘာဆေးဖျန်းသင့်လဲဗျ
နှမ်းပင်များတွင် ကျရောက်နေသော ရောဂါမှာ Cercospora sesami မှိုကြောင့်ဖြစ်သည့် ဆာကိုစပိုးရား ရွက်ပြောက်ရောဂါဖြစ်ပြီး မိုးများကာ စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုတွင် အဖြစ်များပါတယ်။ အရွက်ပေါ်၌ အလယ်ဖြူပြီး ဘေးအနားညိုသော အစက်အပြောက်များဖြစ်ပေါ်ကာ ပြင်းထန်ပါက အရွက်များ ဝါခြောက်ကြွေကျစေတာပါ။ ကာကွယ်ရန် မန်ကိုဇက် (Mancozeb) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim)၊ Iprodione ၊Propiconazole ၊(Tebuconazole) ကဲ့သို့သော မှိုသတ်ဆေးများကို အလှည့်ကျပက်ဖြန်းပေးရမည်ဖြစ်ပြီး၊ ရေရှည်အတွက် မျိုးစေ့လူးနယ်စိုက်ပျိုးခြင်း၊ အပင်ကြွင်းအကျန်များ မီးရှို့ဖျက်ဆီးခြင်းနှင့် သီးလှည့်စိုက်ပျိုးခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။
ဆက်စပ်မေးခွန်းများ
နှမ်းအိတ်ထဲ ပိုးမထွေးအောင် ဘယ်လို ထားရမလဲ...
ဖြေကြားချက် 1 ခု
စမုံနက်နှမ်းမျိုး(သက်လျင်)က လင်းတာတုံပြန်တဲ့မျိုးလား ခု အောက်တိုဘာမှာ စိုက်ချင်လို့ရလားသိချင်လို့
ဖြေကြားချက် 3 ခု
နှမ်းခင်းပုလဲကျွေးခြင်လို့ဘယ်ချိန်မှာကျွေးရမလဲ?တဧကကိုဘယ်နပြည်ကျွေးရလဲဗျ
ဖြေကြားချက် 3 ခု
နှမ်းအပင်အသက်28ရက်သားကိုပေါင်းပင်တွေများလို့မြင်းကျားမှထုတ်လုပ်တဲ့နှမ်းအထူးရွေးရှယ် ဟာဘိရှင်း30စီစီ+မက်ဂါမန်း...
ဖြေကြားချက် 3 ခု
နှမ်းအပင်ဖြစ်လာသည့်မှအစနှမ်းအပင်ရိတ်သိမ်းချိန်ထိမည့်သည့်ဆေးဝါးကိုဘယ်နှစ်ကြိမ်ဖျန်ူပေးရမည်နည်းမည်သို့ဂရုစိုက်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။