ပုံထဲက အဖြူလေးတွေက ပိုးဥ လေးတွေလားဗျ ဘာပိုးသတ်ဆေးဖြန်းသင့်ပါသလဲ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၅၈ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေသာ
@Min Wai Soe သက်တမ်း ၁၅၀ ရက်ရှိသော ဧရာမင်းစပါးသည် ပုံမှန်အားဖြင့် သက်တမ်း ၉၀ မှ ၁၀၀ ရက်အတွင်း မှို့ကပ် လေ့ရှိသဖြင့် လက်ရှိ ၉၃ ရက်သား သည် မှို့ကပ်ချိန်သို့ အတိအကျ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ထို့ကြောင့် စပါးနှံရှည်ရန်၊ အောင်စေ့များရန်နှင့် အဖျင်းနည်းရန်အတွက် နောက်ဆုံးအကြိမ် "အနှံထွက်အားဖြည့်မြေဩဇာ" ကို ချက်ချင်းကျွေးရမည့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ အဓိက ယူရီးယား (ပုလဲ)နှင့် ပိုတက်ရှ် မြေဩဇာကို ရေအနက် ၁-၂ လက်မခန့်သာ ထားရှိပြီး တွဲဖက်ကြဲပက်ပေးရပါမယ်။ပိုတက်စီယမ် အချိုးအစားမြင့်မားစွာပါဝင်သော အရည်အသွေးကောင်း ရွက်ဖျန်းမြေဩဇာကို စပါးနှံထွက်စအချိန်တို့တွင် ဖျန်းပေးနိုင်ရင်ပိုကောင်းပါမယ်။မြေဩဇာမကြဲမီ စပါးခင်းထဲတွင် ရေကို ၁ လက်မ သို့မဟုတ် ၂ လက်မခန့် သာ အနည်းငယ်ပဲ ရှိနေအောင် ထိန်းထားပေးပါ။ ရေများလွန်းပါက မြေဩဇာအာနိသင် ဆုံးရှုံးတတ်ပါတယ်။ မြေဩဇာကျွေးပြီးနောက် စပါးပန်းပွင့်နို့ရည်တည်ချိန်အထိ စပါးခင်းကို ရေမပြတ်စေရန် ဂရုစိုက်ပေးရပါမယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
အပင်အောက်ခြေတွင်ပုက်နေပြီးအရွက်များခြောက်နေပါသည် ဘာဆေးများအသုံးပြုရမလဲဆရာ
ဖြေကြားချက် 4 ခု
နွေစပါးအတွက် သုံးစွဲရမည့် ရက် သိချင်
ဖြေကြားချက် 1 ခု
အခြောက့်ကျဲးစပါးခင်မှာ ဆိုပင်ပွါးချိန်လောက်ပဲပုလဲးကြွေးလို့ရတယ်ဆနှံထွက်ချိန်မှာရေမလုံလောက့်ဘူးမိုးရေပဲးရတယ်...
ဖြေကြားချက် 3 ခု
GW11ကျဲခင်းအထွက်ကောင်းအောင်ဘယ်ရက်တွေမှာဘယ်အစာတွေကျွေးရမလဲဆရာ။
ဖြေကြားချက် 1 ခု
စပါးစိုက်ခင်းဘယ်နရက်သားဆိုအစာစကြွေးလို့ရပြီလဲဆရာ။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။