အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Khing Hein
Khing Hein 733
လွန်ခဲ့သော ၁ ပတ် က · ယင်းမာပင်

ကြက်သွန်နီအတွက် ဓာတ်မြေဩဇာကို U-AS TSP SOP တို့ကို သုံးဖို့ရည်ရွယ်ထားပါတယ် ၁ဧကအတွက် ဘယ်လောက် ကီလိုပမာဏနဲ့ ဘယ်အချိန်တွေမှာ သုံးရမလဲ အကယ်၍ ဂျစ်ပဆမ်ပါသုံးမယ်ဆို S များသွားနိုင်လား သိပါရစေဆရာ

အပင်အာဟာရ ကြက်သွန်နီ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 414,242 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@Khing Hein ယူရီးယားအစား နိုက်ထရိုဂျင် ၃၃% သာပါသော UAS ကို သုံးမည်ဆိုပါက ၁ ဧကအတွက် UAS ၁၄၀ ကီလိုဂရမ် (၃ အိတ်နီးပါး) လိုအပ်မည်ဖြစ်ပြီး ၎င်းကို ၃ ကြိမ် (ပြောင်းစိုက်ချိန် ၄၅ ကီလို၊ ၃-၄ ပတ်တွင် ၄၅ ကီလို၊ ၆-၇ ပတ်တွင် ၅၀ ကီလို) ခွဲကျွေးရပါမယ်။ မြေခံအဖြစ် မြေပြင်ချိန်တွင် T-Super ၁၀၀ ကီလိုဂရမ် နှင့် SOP ၅၀ ကီလိုဂရမ် ကို အကုန်ထည့်ရပါမယ်။ UAS ထဲတွင် ဆာလဖာဓာတ် (၁၇ ကီလိုခန့်) တပါတည်း မြေဩဇာထဲ ပါဝင်လာပြီးသား ဖြစ်သဖြင့် ဤအခြေအနေတွင် ဂျစ်ဆမ် (Gypsum) ကို ၄၀-၅၀ ကီလိုဂရမ် (၁ အိတ်) ခန့်သာ လျှော့ချထည့်သွင်းရန် လိုအပ်ပါတယ်။ သို့မှသာ ဆာလဖာဓာတ် အလွန်အမင်း မများဘဲ ကယ်လ်ဆီယမ်နှင့် ဆာလဖာ အချိုးအစား မျှတကာ ကြက်သွန်နီဥ အရည်အသွေး ကောင်းမွန်ပြီး သိုလှောင်မှုသက်တမ်း ပိုမိုကြာရှည်ခံမည် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Khing Hein
Khing Hein 733 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် UAS ဆိုတာက 33-0-0-12Sကို ပြောတာပါဆရာ

သော်ဇင်
သော်ဇင် 414,242 လွန်ခဲ့သော ၁ ပတ် က

@Khing Hein ကြက်သွန်နီတစ်ဧကအတွက် မြေခံအဖြစ် မြေပြင်ချိန်တွင် T-Super ၁၀၀ ကီလိုဂရမ် (၂ အိတ်)၊ SOP ၅၀ ကီလိုဂရမ် (၁ အိတ်) နှင့် Gypsum ၈၀-၁၀၀ ကီလိုဂရမ်တို့ကို အကုန်ထည့်သွင်းရပါမယ်။နှုန်ထားများက စံနမူနာခန့်မှန်းချက်ပါကခင်ဗျာ၊ မြေဆီလွှာဓာတ်ခွဲ အဖြေစစ်နိုင်မှ ပမာဏအတိအကျတွက်ပေးလို့ရမှာပါ။ အပင်ကြီးထွားမှုအတွက် Urea ၁၀၀ ကီလိုဂရမ် (၂ အိတ်) ကိုမူ ၃ ကြိမ် ခွဲကျွေးရမည်ဖြစ်ပြီး၊ ပထမတစ်ပုံကို ရွှေ့ပြောင်းစိုက်ချိန်၊ ဒုတိယတစ်ပုံကို ၃-၄ ပတ်အကြာနှင့် တတိယတစ်ပုံကို ၆-၇ ပတ်အကြာ ဥမဆင်းမီတွင် ထည့်ပေးရပါမယ်။ SOP နှင့် ဂျစ်ဆမ် (Gypsum) ကို တွဲသုံးသော်လည်း ဆာလဖာ (S) ပမာဏ လွန်ကဲခြင်း မရှိနိုင် သေးပါဘူး။ အကြောင်းမှာ ကြက်သွန်နီသည် ဆာလဖာဓာတ်ကို အလွန်နှစ်သက်သော သီးနှံဖြစ်ပြီး ဂျစ်ဆမ်တွင် ပါဝင်သော ကယ်လ်ဆီယမ်ဓာတ်က ဥခွံလှပစေကာ သိုလှောင်မှုသက်တမ်းကို ပိုမိုကြာရှည် ခံစေသောကြောင့် ဖြစ်ပါတယ်။ တောင်သူဦးကြီးကို မေးရမှာက U-ASဆိုတာ Ureaကို ဆိုလိုချင်တာလား ယူရီးယားမသုံးဘဲ Ammonium Sulphate ကို သုံးမှာလား၊ Ammonium Sulphate သုံးမှာဆိုရင်တော့ Sလွန်ကဲနိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။