အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Zay
Aung Zay 45
လွန်ခဲ့သော ၂ ရက် က · ဇလွန်

မတ်ပဲကို ရိုးရိုးကြဲတာနဲ့ လူးနယ်ဆေး ဖြင့်လူးပြီးမှကြဲတာဘယ်ဟာပိုကောင်းလဲဗျ တစ်ဧကကို မျိုးစေ့ဘယ်နှုန်းထားလောင်ကြဲရင် သင့်တော်လဲမလဲဗျ သူများတေပြောကြတာ တစ်ဧက ၂တင်းနှုန်းကြဲပြီးထူလေ ကောင်းလေပြောကြလို့ဗျ အကြံဉာဏ်လေးပေးပါအုံး ဆရာတို့ခဗျာ

စိုက်ပျိုး ဗဟုသုတ မတ်ပဲ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 405,452 လွန်ခဲ့သော ၂ ရက် က

@Aung Zay မျိုးစေ့များကို မကြဲမီ မှိုသတ်ဆေး (ဥပမာ -ထရိုင်ကိုဒါးမား /ကာဗင်ဒါဇင်) နှင့် လူးနယ်စိုက်ပျိုးပါက ခါးရိရောဂါများကို ကာကွယ်နိုင်ပါတယ်။"၂ တင်းနှုန်းကြဲပြီး ထူလေကောင်းလေ" ဆိုသည့် အယူအဆမှာ မှားယွင်းနေပါတယ်။ မျိုးစေ့ အရမ်းစိတ်လွန်းလျှင် ပဲပင်များ စိပ်ကျပ်ပြီး အလင်းရောင်နှင့် အာဟာရ လုယူရသဖြင့် ပင်စည်များ သေးသွယ်ကာ လဲလွယ်တတ်တယ်။ ထို့ပြင် မှိုရောဂါနှင့် ပိုးမွှားဒဏ် ပိုမိုကျရောက်တတ်ပြီး အသီးတင်မှု နည်းသွားတတ်ပါတယ်။တောင်သူဦးကြီးက ထူတာကြိုက်ခဲ့ရင် မျိုးမပေါက်မှာကြောက်ရင် ၁တင်းကြဲရင်ကိုလုံလောက်ပါတယ်၊

သော်ဇင်
သော်ဇင် 405,452 လွန်ခဲ့သော ၂ ရက် က

@Aung Zay မတ်ပဲ စိုက်ပျိုးနည်း ဒီမှာအရင်လေ့လာကြည့်ပါဦး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့ခဗျာ ခုရာသီချိန်မှာ ကျွန်တော့်ရဲ့လယ်မြေက ထွန်ယက်ဖို့ အနေတော် ဖြစ်နေပါပြီဗျ မတ်ပဲကြဲ ချင်တာ မိုးကလဲရှိနေ...

ဖြေကြားချက် 1 ခု

ပင်စည်ထိုယင်နဲ့ပင်ခြေပုတ်အမြစ်ပုတ်အတွက်ဘာဆေးကိုကြိုတင်ပက်ထားရမလဲး

ဖြေကြားချက် 1 ခု

မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီး ဘယ်နှစ်ရက်နေရင်မှိုဆေးဖျန်းလို့ရလဲ

ဖြေကြားချက် 1 ခု

မတ်ပဲကြဲဖို့ မြေကို ထွန်ယက်တဲ့အခါမှာ ဘယ်နှစက်လောက်မောင်းကြဲရင်‌ပိုကောင်းလဲဗျ မကြဲခင် တစ်စက်မောင်းပြီး မြေကို ခ...

ဖြေကြားချက် 1 ခု

နိုဝင်ဘာ3ရက်နေ့မှမတ်ပဲခုတ်ဖုံးကြဲမှာအဆင်ပြေပမလားရန်ကုန်တိုင်းဒေသကြိးတိုက်ြကိးမြို့နယ်ဘိန္တောအုပ်စုကျောင်းကုန်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။