ဖြေကြားချက် ၁ ခု
@Mg Seit အစေ့ထုတ်ပြောင်းခင်းထဲတွင် မတ်ပဲကို ကြားသီးနှံအဖြစ် တွဲဖက်စိုက်ပျိုးနိုင်ပြီး ၎င်းသည် မြေဆီလွှာနိုက်ထရိုဂျင်ကို တိုးပွားစေကာ အပိုဝင်ငွေရရှိစေသည့် စနစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ သို့သော် အပင်မြင့်ပြီး အရွက်ကြီးသော ပြောင်းပင်များကြောင့် မတ်ပဲပင် အရိပ်မမိစေရန်အတွက် ပြောင်းစိုက်တန်းကို အနည်းဆုံး ၃ ပေမှ ၃ ပေခွဲအထိ ကျယ်ကျယ်စိုက်ပျိုးရန် လိုအပ်ပြီး၊ သီးနှံနှစ်ခုလုံးကို တစ်ပြိုင်တည်း သို့မဟုတ် ပြောင်းပင်ပေါက်ပြီး ၃ ပတ်ထက် နောက်မကျဘဲ မတ်ပဲကို ကြားညှပ်စိုက်ပျိုးရပါမယ်။ ထို့ပြင် ရေစီးရေလာကောင်းမွန်သော မြေဖြစ်ရန်နှင့် ကျရောက်တတ်သော ပိုးမွှားများကို စနစ်တကျ ကာကွယ်ရန် လိုအပ်ပါတယ်။ ငမြောင်တောင်ဆိုးရွားစွာကျလေ့ရှိရင်တော့ အထူးဂရုစိုက်ရန်လိုပါမယ်ခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
မျိုးစေ့ထုတ်မှာ F1 လို့ရေးထားရင် မျိုးပြန်ခံပြီး စိုက်လို့ရလား
ဖြေကြားချက် 4 ခု
ပြောင်းဖူးခင်း ဖောငမြောင်တောင်ကျနေလို့ ဘာဆေးဖျန်းရမလဲ အီမာမက်တင်ဘန်ဇိုအိတ်တော့ဖျန်းထားပါတယ်
ဖြေကြားချက် 1 ခု
ပြောင်း ၁၅ရက်သားရှိပြီ ခုထိအပင်က သိပ်မထသေးဘူး အဲ့တာဘာဖစ်လို့လဲဗျာ
ဖြေကြားချက် 1 ခု
ပြောင်းဖူး အတွက် သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း ပြောပြပေးပါလား
ဖြေကြားချက် 1 ခု
ပြောင်းပင်ဖူးတန်ထွက်ခါနီးပိုးစားလို့ဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲ
ဖြေကြားချက် 2 ခု