ဖြေကြားချက် ၃ ခု
@ဦးစောမောင်ဌေး မတ်ပဲခင်းတွင် အပွင့်တန်းလန်း အသီးတန်းလန်းဖြင့် အပင်များ ညှိုးသေရခြင်းမှာ မြေဆောင်မှိုရောဂါ (အမြစ်ပုပ်/ခါးရိပင်ညှိုးရောဂါ) ကြောင့် ဖြစ်ပါတယ်။ ဤရောဂါသည် မြေကြီးထဲတွင် ခိုအောင်းနေပြီး အပင်အာဟာရ အသုံးများသော အပွင့်ပွင့် အသီးတင်ချိန်တွင် အဆိုးရွားဆုံး ဒုက္ခပေးတတ်ပါတယ်။ ယခုနှစ်တွင် အသေအပျောက်နည်းစေရန်အတွက် အပင်ခြေမြေကြီးသို့ ဟိုင်မက်ဆာဇိုးလ် (Hymexazol) မှိုသတ်ဆေး စိုရွှဲအောင် ဖျန်းပေးရမည်ဖြစ်ပြီး၊ အပင်အပေါ်ပိုင်းကိုမူ အဇိုဆီစထရိုဘင် (Azoxystrobin) ဖြင့် နှံ့စပ်စွာ ပက်ဖျန်းရပါမယ်။ ထို့ပြင် မြေပြင်ချိန်တွင် မြေချဉ်ပါကမြေချဉ်ငန်ဓာတ်ကို ပြုပြင်ရန် စိုက်ပျိုးရေးသုံးထုံး ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ မြေဆောင်မှိုများကို သဘာဝအတိုင်း နှိမ်နင်းနိုင်ရန် အကျိုးပြု ထရိုင်ကိုဒါးမား (Trichoderma) မှိုကို မြေဆွေးနှင့်ရော၍ မဖြစ်မနေ ထည့်သွင်းပေးရပါမယ်။မြေဆောင်မှိုများသည် ရေဝပ်သောနေရာတွင် အလွန်ဆိုးရွားစွာ ကူးစက်တတ်သဖြင့် စိုက်ခင်းအတွင်း ရေဝပ်ခြင်းမရှိစေဘဲ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ပါ။မစိုက်ပျိုးမီ မတ်ပဲမျိုးစေ့ကို ကာဘင်ဒါဇင် (Carbendazim) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုး သို့မဟုတ် ထရိုင်ကိုဒါးမားနှင့် လူးနယ်၍ စိုက်ပျိုးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@ဦးစောမောင်ဌေး မြေဆောင်မှိုရောဂါ ကာကွယ်ရန်အတွက် အပင်ခြေကို Hymexazol ဆေးရည် စိုရွှဲအောင်ဖျန်းခြင်းနှင့် အပင်ပေါ်ပိုင်းကို Azoxystrobin ဖျန်းခြင်းကို ပဲပင်သက်တမ်း ၂၀ ရက်သား နှင့် ပဲပင်ပန်းပွင့်စ သီးကင်းဝင်ချိန် သက်တမ်း ၄၀-၄၅ ရက်သား (ဒုတိယအကြိမ်) ဟူ၍ စုစုပေါင်း (၂) ကြိမ်ခန့် မဖြစ်မနေ ဖျန်းပေးရပါမယ်။ ဇီဝမှိုဖြစ်သော ထရိုင်ကိုဒါးမားကိုမူ အပင်ပေါ်သို့ ဆေးဖြန်းသကဲ့သို့ ဖျန်းရန် လုံးဝမသင့်တော်ပါဘူး၊ အကြောင်းမှာ ၎င်းသည် မြေကြီးထဲတွင်သာ ရှင်သန်နိုင်ပြီး မြေဆောင်မှိုများကို စားသုံးသည့် မှိုဖြစ်သောကြောင့် မြေဆွေးနှင့်ရော၍ မြေထဲထည့်ခြင်း သို့မဟုတ် အပင်ခြေ မြေကြီးထဲသို့သာ ဖျန်းပေးရပါမယ်။ ထို့ပြင် ယမန်နှစ်ကကဲ့သို့ အပင်များ ညှိုးသေခြင်းမှာ ပဲပင်စည်ထိုးယင် ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပင်စည်ထိုးယင် လောက်ကောင်သည် ပင်စည်အတွင်းသားကို ထိုးဖောက်စားသောက်သဖြင့် အစာအဟာရမရဘဲ အပွင့်အသီးတန်းလန်းဖြင့် အပင်များ ညှိုးခြောက်သေဆုံးရခြင်းဖြစ်ရာ မှိုရောဂါသာမက ပင်စည်ထိုးယင် ကျရောက်မှုရှိခဲ့ပါက စနစ်တကျ ကာကွယ်ရန် လိုအပ်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မတ်ပဲကျဲဖို့အတွက် လယ်တစ်ခွက်က အစိုဓာတ်နည်းနေပါတယ် ထိုလယ်အတွက် မတ်ပဲမျိုးကို ရေတစ်ညလောက်စိမ်ပြီး ပတ်လို့ရပါသလား...
ဖြေကြားချက် 8 ခု
ရွှေနဂါးအားဆေးနဲ့ ပုံပါပိုးသတ်ဆေးရောဖျန်းလို့ရလား မတ်ပဲအရွက်လောင်နိုင်လား
ဖြေကြားချက် 5 ခု
မတ်ပဲအဲ့လိုတွေသေနေတာတွေ့လို့ပါ အမြစ်အပေါ်တစ်လက်မလောက်ကပုတ်သလို ခြောက်သလိုဖြစ်နေလို့ပါ ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
ဒီနေ့ညနေ မတ်ပဲကြဲပြီးရိုးပြတ်ကို စက်နဲ့ဖိထားတယ် မနက်ဖြန် ရိုးပြတ်ကို ပေါင်းသတ်ဆေးဖျန်းရင် မတ်ပဲကို ထိနိုင်လား...
ဖြေကြားချက် 3 ခု
မတ်ပဲစိုက်ပျိုးရေးအတွက်မြေခံကိုစပါးရိတ်သိမ်းပြီး(သို့မဟုတ်)မြေအစိုဓာတ်ဘယ်လောက်မှာထည့်လို့ရပါသလဲအကြံပေးပေးပါ
ဖြေကြားချက် 3 ခု