ဖြေကြားချက် ၂ ခု
@Ko Nay ပိုတက်စီယမ် ဆီလီကိတ်သည် ကြက်သွန်နီပင်၏ ဆဲလ်နံရံကို ထူထဲတောင့်တင်းစေပြီး ပြင်းထန်သော နေရောင်ခြည်နှင့် အပူဒဏ်ကို ကာကွယ်ပေးသည့် ဓာတ်ပစ္စည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၎င်းပစ္စည်း ဝယ်ယူရန် အခက်ခဲရှိပါတယ်၊ ဆီလီကာဓာတ် ရရှိနိုင်ရန်အတွက် သဘာဝ စပါးခွံပြာ ကို မြေပြင်စဉ် သို့မဟုတ် အပင်ခြေတွင် ထည့်သွင်းပေးနိုင်သလို၊ မြေဆီလွှာ ပြုပြင်နိုင်သော ကယ်လ်စီယမ် ဆီလီကိတ် ( အာမိုဆီလီကာ မြေဩဇာ)ကို အစားထိုး သုံးနိုင်ပါတယ်။ ထို့ပြင် အပင်၏ ရေဓာတ်ဖိအားကို ထိန်းညှိပေးပြီး အပူဒဏ်ခံနိုင်ရည် တိုးစေရန် ပိုတက်စီယမ် ဟူးမိတ် (Potassium Humate) ခေါ် ကေဟူးမစ်ကို အစားထိုးကျွေးနိုင်ပါတယ်၊ သို့မဟုတ် ပိုတက်စီယမ် အချိုးများစွာပါဝင် သော အား ဆေးကို အရွက်ဖျန်းဆေးအဖြစ် သုံးစွဲနိုင်ပါတယ်။ အပူဒဏ်ကြောင့် အပင်ပင်ပန်းမှုကို သက်သာရန် အမိုင်နိုအက်ဆစ်နှင့် ပင်လယ်ရေမှော်ရည် (Seaweed Extract)ဖျန်းပေးခြင်း၊ မြေကြီးအပူချိန် လျှော့ချရန် ကောက်ရိုးဖြင့် မြေဖုံးခြင်း နည်းလမ်းများကို တွဲဖက်လုပ်ဆောင်ခြင်းဖြင့် နေရောင်ခြည်ဒဏ်ကို ထိရောက်စွာ ကျော်လွှားနိုင်ပါလိမ့်မယ်ခင်ဗျာ။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@Ko Nay ပိုတက်စီယမ် ဆီလီကိတ်သည် ကြက်သွန်နီပင်၏ ဆဲလ်နံရံကို ထူထဲတောင့်တင်းစေပြီး ပြင်းထန်သော နေရောင်ခြည်နှင့် အပူဒဏ်ကို ကာကွယ်ပေးသည့် ဓာတ်ပစ္စည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၎င်းပစ္စည်း ဝယ်ယူရန် အခက်ခဲရှိပါတယ်၊ ဆီလီကာဓာတ် ရရှိနိုင်ရန်အတွက် သဘာဝ စပါးခွံပြာ ကို မြေပြင်စဉ် သို့မဟုတ် အပင်ခြေတွင် ထည့်သွင်းပေးနိုင်သလို၊ မြေဆီလွှာ ပြုပြင်နိုင်သော ကယ်လ်စီယမ် ဆီလီကိတ် ( အာမိုဆီလီကာ မြေဩဇာ)ကို အစားထိုး သုံးနိုင်ပါတယ်။ ထို့ပြင် အပင်၏ ရေဓာတ်ဖိအားကို ထိန်းညှိပေးပြီး အပူဒဏ်ခံနိုင်ရည် တိုးစေရန် ပိုတက်စီယမ် ဟူးမိတ် (Potassium Humate) ခေါ် ကေဟူးမစ်ကို အစားထိုးကျွေးနိုင်ပါတယ်၊ သို့မဟုတ် ပိုတက်စီယမ် အချိုးများစွာပါဝင် သော အား ဆေးကို အရွက်ဖျန်းဆေးအဖြစ် သုံးစွဲနိုင်ပါတယ်။ အပူဒဏ်ကြောင့် အပင်ပင်ပန်းမှုကို သက်သာရန် အမိုင်နိုအက်ဆစ်နှင့် ပင်လယ်ရေမှော်ရည် (Seaweed Extract)ဖျန်းပေးခြင်း၊ မြေကြီးအပူချိန် လျှော့ချရန် ကောက်ရိုးဖြင့် မြေဖုံးခြင်း နည်းလမ်းများကို တွဲဖက်လုပ်ဆောင်ခြင်းဖြင့် နေရောင်ခြည်ဒဏ်ကို ထိရောက်စွာ ကျော်လွှားနိုင်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
အပင်သည်အရွက်သည်အဖျားချစ်ပြီးအားနည်းသည်
ဖြေကြားချက် 1 ခု
ကြက်သွန်နီအတွက် ဓာတ်မြေဩဇာကို U-AS TSP SOP တို့ကို သုံးဖို့ရည်ရွယ်ထားပါတယ် ၁ဧကအတွက် ဘယ်လောက် ကီလိုပမာဏနဲ့ ဘယ်အ...
ဖြေကြားချက် 3 ခု
ဆရာ့ကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေမဲ့ဆေးလေလမ်းပြပေးပါ
ဖြေကြားချက် 1 ခု
ပိုတက်စီယန် ဆီလီကိတ် ကိုနေရေင်ခြည်ကာကွယ်ရန်ဖြေပေးထားတာရှိပါတယ်ဆေးဆိုင်တွေမေးတော့မသိကြဘူ ဘယ်လိုဝယ်ရတုန်းသိပါရစေ
ဖြေကြားချက် 0 ခု
ဆရာ့ကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေမဲ့ဆေးလေလမ်းပြပေးပါ
ဖြေကြားချက် 2 ခု