အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
tin shwe
tin shwe 562
လွန်ခဲ့သော ၅ ရက် က · မြစ်ကြီးနား

မုန့်ညှင်းပင်တွေညိုးသေရွက်ခြောက် ဖစ်နေလို့ပါပင်စည်ရိနေပါတယ်ဘာဆေးဖြန်းရမှာလည်းခင်ဗျား

ပိုးမွှားရောဂါ မုန်ညင်း
1

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 427,511 လွန်ခဲ့သော ၅ ရက် က

@tin shwe မုန်ညင်းပင်များ ညှိုးသေခြင်းနှင့် ပင်စည်ရိပုပ်ခြင်းမှာ စိုထိုင်းဆများပြီး ရေဝပ်ခြင်းကြောင့်ဖြစ်သော ပင်စည်ပုပ်/အမြစ်ပုပ် မှိုရောဂါ (သို့မဟုတ်) ဘက်တီးရီးယားအပျော့ပုပ်ရောဂါကြောင့် ဖြစ်တာပါ။ ဘာကြောင့်ဖြစ်လဲသိနိုင်ရန် ပင်စည်ကို ဖြတ်ပြီး ဖန်ခွက်အကြည်‌တွင် ရေစိမ်ကြည့်ပါ၊ နို့နှစ်ရောင် ဘက်တီးရီးယားစိမ့်ထွက်ရည်များထွက်လာပါက ဘက်တီးရီးယားကြောင့်ဖြစ်တာပါ။ မှိုကြောင့်ဖြစ်ပါက ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သီအိုဖနိတ် မီသိုင်း (Thiophanate-methyl) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးတစ်မျိုးမျိုးကို ပင်စည်ခြေနှင့် မြေကြီးထဲအထိ စိမ့်ဝင်အောင် အမြန်ဆုံး ပက်ဖျန်းပေးရမယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ပါက Copper oxychloride, Kasugamycin, Bismerthiazole, Oxolinic acid ဆေးတစ်မျိုးမျိုးကို ဖျန်း ပေးရပါမယ်။‌ဆေးဖြန်းရုံတင်မကဘဲ ရောဂါပြင်းထန်စွာရနေသော အပင်များကို စိုက်ခင်းထဲမှ နှုတ်ယူမီးရှို့ဖျက်ဆီးခြင်း၊ ရေလောင်းခြင်းကို ခေတ္တလျှော့ချပြီး ရေနုတ်မြောင်းများ ပြုပြင်ပေးခြင်း၊ အပင်ထူထပ်မှုကို လျှော့ချ၍ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်းတို့ကို တွဲဖက်လုပ်ဆောင်မှသာ ရောဂါကူးစက်မှုကို အမြစ်ပြတ် တားဆီးနိုင်မည်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်လဲသိရအောင် ဖန်ခွက်ရေအကြည်ထဲမှာ ၅မိနစ်ခန့်ရေစိမ်ကြည့်ပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ပုံပါအတိုင်းဖြစ်နေပါတယ်ဆရာဒီရောဂါအကြောင်းအသေးစိတ်ဆရာအနေနဲ့ဖြေထားပြီးပါပြီ ဖြစ်စအနေထားထပ်ပြီးပြကြည့်တာပါဆရာ

ဖြေကြားချက် 3 ခု

ဘက်တီးရီးယားလား ဆေးလောင်တာလားဆရာခင်ဗျ

ဖြေကြားချက် 7 ခု

ဆရာခင်ဗျဆေးလောင်တာလားဘက်တီးရီးယားလားခင်ဗျကော့ပါး50ဂရမ်ကာဇူကာမိုင်စင်50စီဖြန်းထားပါတယ်သုံးသပ်ပေးပါဦးခင်ဗျ

ဖြေကြားချက် 1 ခု

ဆရာခင်ဗျရောဂါဖြစ်စဆရာညွန်းထားတဲ့ဆိုင်မို+မီသိုမော့ ၄ဇွန်းစီဖြန်းထားတယ်ရောဂါလည်းထပ်မပြန့်ပဲခြောက်သွားပါတယ်ခင်ဗျ...

ဖြေကြားချက် 4 ခု

မုန်ညှင်းကို GAP လမ်းညွှန်ချက်အတိုင်းစိုက်ပျိုးသောတောင်သူများနှင့်အဆက်အသွယ်ရချင်ပါတယ်ရှင်

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။