ဆရာခင်ဗျဘက်တီးရီးယားလို့ထင်ပြီးကာဆူကာမိုင်စင်ဖြန်းထားပါတယ်သုံးသပ်ပေးပါအုံးခင်ဗျ ပြီးတော့အသီးထွက်နုန်းလည်းနည်းနေတယ်နောက်ချိုးမြင့်မြေဆီကျွေးရမှာလားခင်ဗျရေခြံတော့မဟုတ်ဘူးဆရာ။
@ခင်ဇော်ဝင်း ထိရောက်ပါတယ်၊ ကျွန်တော်ဆိုရင်တော့ အခုလိုရောဂါကျနေချိန်မှာ Azoxystrobin ဖျန်းမယ်ပြီးရင်နောက်၅ရက်အကြာမှာ Mancozeb ဖျန်းပါမယ်၊ ဆေးတခါဖျန်းပြီးတိုင်းျရာဂါကျအရွက်များဆက်လကိပျံ့ပွားခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါမယ်၊လဆေးတခုတည်းအားကိုးခြင်းထက် ရောဂါကူးစက်မှု မမြန်ရန်လည်း အထက်ကနည်းလမ်းများကို မိမိနိုင်သလောက်လုပ်ပေးရပါမယ်ခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@ခင်ဇော်ဝင်း ရောဂါက စောပင်နာကျရောဂါကျနေတာပါ။ခရမ်းချဉ်ပင်တွင် ဖြစ်ပွားနေသော စောပင်နာကျရောဂါ (Early Blight) သည် 'မှို' ကြောင့် ဖြစ်ပွားခြင်း ဖြစ်သောကြောင့် 'ဘက်တီးရီးယား' သတ်ဆေးဖြစ်သည့် ကာဆူကာမိုင်စင် (Kasugamycin) သည် ရောဂါပျောက်ကင်းရန် ထိရောက်မှု မရှိနိုင်ပါဘူး။ ရောဂါကို ကာကွယ်ရန်အတွက် မန်ကိုဇက် (Mancozeb)သုံးလို့ရပြီး အခုလိုအချိန်မှာ ကုသရန်အတွက် အဇိုဆီစထရိုဘင် (Azoxystrobin)၊ Metiram+ Pyraclostrobin၊ ကဲ့သို့သော မှိုသတ်ဆေး သီးသန့်များကို ပြောင်းလဲပက်ဖျန်းပေးရပါမည်။ ထို့ပြင် အသီးထွက်နှုန်း ကောင်းမွန်စေရန် ဖော့စဖရပ်နှင့် ပိုတက်စီယမ် (P, K) အချိုးမြှင့် မြေဩဇာများ ကျွေးပေးရန် လိုအပ်သော်လည်း၊ ရေသွင်းစိုက်ပျိုးသည့်ခြံမဟုတ်သဖြင့် အပင်အာဟာရ စုပ်ယူနိုင်ရန်နှင့် အမြစ်မလောင်စေရန်အတွက် မြေဆီလွှာတွင် အစိုဓာတ်ရှိနေချိန် သို့မဟုတ် မိုးရွာပြီးစအချိန်တွင်သာ ရွေးချယ်ကျွေးပတ်ပေးသင့်ပါတယ်။စောပင်နာကျရောဂါသည် အောက်ခြေအရွက်အဟောင်းများမှ စတင်တတ်သဖြင့် ရောဂါလက္ခဏာပြနေသော၊ ဝါနေသော အောက်ခြေအရွက်များကို ဆွတ်ခူး၍ ခြံပြင်ပတွင် မီးရှို့ဖျက်ဆီးပစ်ပါ။ရေလောင်းသည့်အခါ သို့မဟုတ် မိုးရွာသည့်အခါ မြေကြီးထဲမှ မှိုစပိုးများ အရွက်ပေါ်သို့ စင်မတက်စေရန် အပင်ခြေတွင် ကောက်ရိုး သို့မဟုတ် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပေးခြင်းက ရောဂါကူးစက်မှုကို လျော့နည်းစေပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
အခုမှ ပျိုးမည်ဆိုလျှင်အချိန်မှီသေးလားဗျ
ဖြေကြားချက် 2 ခု
ခရမ်းချဥ် ကွကြားပန်းစပွင့်ချိန် နေပူနေတုန်း (မက်တယ်လဇီ)+(မန်ကိုဇက်)ဖျန်းလိုက်ရင် အဲဒီအဖူးအပွင့်တွေကို ထိခိုက်...
ဖြေကြားချက် 1 ခု
ဆရာ 909 ခရမ်းချဥ်ပင်ပါဆရာ ပထမပုံပါအတိုင်း အပင် တော်တော်များများ ဖြစ်နေလို့ပါဆရာ ဒီတစ်ခါအတော်များပါတယ်ဆရာ အ...
ဖြေကြားချက် 2 ခု
ပျိုးပင်လေးတေ ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
ခရမ်းလျဉ်အသီးပုတ်နေလို့ပါ ပုံပါဆေးကိုဒီနေ့မနက်ဖျန်းလိုက်ပါတယ် တကယ်လို့ အသီးပုတ်တာမသက်သာဘူးဆိုင် တခြားဆေးလေး...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။