အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ming thein
ming thein 82
လွန်ခဲ့သော ၂ ရက် က · မြောင်းမြ

အခုလာမယ့်ဆောင်းစပါးမှာ ရက်ကိုးဆယ် ထည့်ချင်တယ် နဲနဲ နောက်ကျမှာ ဖစ်တဲ့အတွက် ကြက်သန်းပိုးကျတယ် အဲ့တာ ဘာဆေးဖျန်းရမလဲ ထိသေစားသေအမျိုးအစားကကောင်းမလား ပင်လုံးပြန့်အာနိသင်ရှိတဲ့ဆေးက ကောင်းမလားပြောပြပေးပါ ဆေးနာမည်လည်းပြောပြပေးပါ ပြီးတော့ အစိချပြီးရင် ပေါင်းမြက်မျိုးစုံလိုက်တယ် အဲ့အတွက် စပါးအပင်မြေကြီးကထွက်ကာစ လေးရက်သား ငါးရက်သားမှာ ဖျန်းတဲ့ဆေးရှိရင် ဆေးနာမည်နဲ့တကွ ဖော်ပြပေးပါ ပြီးတော့ တစ်ဧကကို ဘယ်နှစ်တင်းနှုန်း ကြဲပက်ရမလဲ ရယ် ပုလဲ ပိုတက်ရှ် အနက်စေ့ အသီးအားဆေး တွေကို ဘယ်နှစ်ရက်သားမှာ စပက်ပြီး ဘာကိုဘယ်လောက် ဘယ်အချိန်သုံးရမလဲ ညွှန်ပြပေးပါ ပိုတက်ရှ်က တခါးမှ မသုံးဘူး ပါဘူး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 424,283 လွန်ခဲ့သော ၁ ရက် က

@ming thein လှေးပိုးလို့ခေါ်ပါတယ်ဗျ၊ အထက်ပါဆေးများအဆင်ပြေပါတယ်၊ Ca,B,Znပါသည့် အနည်းလိုရွက်ဖျန်းအားဆေးလို့ပြောဝယ်ရင်ရပါမယ်ခင်ဗျာ၊ အမိုင်နိုအက်စစ်ပါအားဆေးလို့ပြောဝယ်မယ်ဆိုရငိရပါတယ်ဗျ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ming thein
ming thein 82 လွန်ခဲ့သော ၁ ရက် က

Ca-B..Zn အမိုင်နိုအက်စစ်ပါ အားဆေးကို သေချာလေး ထပ်ရှင်းပြပေးပါ သူကအရည်လား အမှုန့်လား

ming thein
ming thein 82 လွန်ခဲ့သော ၁ ရက် က

ကြက်သန်းပိုးကျတယ် ဆိုတာ အပင်အရွက်နှစ်ခွ ထွက်ချိန် ဒါမှမဟုတ် ဆယ်ရက်သားမှာ အပင်အရွက်ဖျားလေးတွေက လိပ်ပြီး နီနေတာ ဒါကိုပဲ ပျကျတာလို့ ခေါ်တာလား မသိဘူး ဟုပ်ပါတယ်ခင် ဗျာ အခေါ်အဝေါ် လွဲနိုင်ပါတယ် ဒီလိုဗျာ အဲ့အပင်လေးတွေကို လက်နဲ့သတ်လိုက်ရင် လက်ဝါး မှာ မဲမဲအကောင်လေးတွေပါ သူကရွစိရွစိနဲ့ ပျံနိုင်တယ်ဗျ

သော်ဇင်
သော်ဇင် 424,283 လွန်ခဲ့သော ၂ ရက် က

@ming thein ရက် ၉၀ ဆောင်းစပါးကို နောက်ကျမှ စိုက်ပျိုးရာတွင် ကျရောက်တတ်သည့် အမည်မသိပိုးအတွက် စပါးပင်အတွင်းထိ စိမ့်ဝင်နိုင်သော ပင်လုံးပြန့်ပိုးသတ်ဆေး (ဥပမာ - Fipronil ဖစ်ပရိုနေး/Imidacloprid အီမီဒါကလိုပရစ်) သည် အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်။ပိုးအမည်အတိအကျသိရရင်တော့ ဒီထက်ပိုဆွေးနွေးပေးနိုင်ပါမယ်ခင်ဗျာ။ စပါးစေ့ချပြီး ၄-၅ ရက်သားတွင် ပေါင်းမြက်မျိုးစုံကို နှိမ်နင်းရန်အတွက် ပေါင်းမြက်များမထွက်ပေါ်မှီ ပေါင်းအုပ်ဆေးကို မြေစိုရုံအနေအထားတွင် Pretilachlor + Safener (ဥပမာ - ပရစ်တီး) ကို ဖျန်းပေးရပါမယ်။ပေါင်းအုပ်ဆေးမဖျန်းခင်ရေပြောင်အုပ်ထုပ်ပေးရန်လိုအပ်ပါမယ်။ ပေါင်းအုပ်ဆေးဖြစ်သည့်အတွက် ပေါင်းပင်များမထွက်ပေါ်မှီဖျန်းပေးနိုင်မှ ထိရောက်မှုရှိပါမယ်။ တစ်ဧကလျှင် မျိုးစေ့နှုန်းထားကို ၂ တင်းမှ ၂ တင်းခွဲ ကြဲပက်ရမည် ဖြစ်ပြီး၊ ယခင်က မသုံးဖူးသေးသည့် ပိုတက်ရှ်မြေဩဇာသည် စပါးပင်ကို အအေးဒဏ်ခံနိုင်စေရန်နှင့် အစေ့အဆန် အောင်မြင်ရန် အဓိက လိုအပ်ပါတယ်။ မြေဩဇာကျွေးရာတွင် သက်တမ်း ၁၅-၂၀ ရက်၌ ပုလဲ အိတ်ဝက်နှင့် ပိုတက်ရှ် ၂၅ ပေါင်၊ အာမို၁၅ပတ်လည် အနည်းငယ်ဖြင့် ရောစပ်ပြီး ကျွေးပါ၊ ၃၀-၃၅ ရက်၌ ပုလဲ အိတ်ဝက်၊ ၄၅ ရက် (မှို့ကပ်ချိန်) တွင် ပိုတက်ရှ် ၂၅ ပေါင်နှင့် ၁၅ပတ်လည် မြေဩဇာအနည်းငယ်ရောကျွေးပေးပါ၊အနှံထွက်စုံပြီး နောက် နို့ရည်တည်ချိန်တွင် P,K အချိုးများ(ရွှေနဂါးပွင့်သီးတင်) ရွက်ဖျန်းအသီးအားဆေးတစ်ကြိမ်၊ Ca,B,Znနှင့် အမိုင်နိုအက်စစ်ပါ‌အားဆေးတစ်ကြိမ် စနစ်တကျ ခွဲ၍ဖျန်းပေးရပါမယ်ခင်ဗျာ၊သိချင်တာများရှိပါက ထပ်မေးမြန်းနိုင်ပါတယ်၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 424,283 လွန်ခဲ့သော ၂ ရက် က

@ming thein ကြက်သန်းပိုးကဘာကိုခေါတာလဲ‌‌ဗျ၊ အခေါ်အဝေါ်လွဲနေတော့ ဖြေရခက်နေပတယ်၊ ဘယ်လိုဖျက်ဆီးတာလဲ၊စုပ်စားလား ကိုက်စားလားပြောထားပေးပါဦးခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။