အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sai Kaung Myat Kyaw Kyaw
လွန်ခဲ့သော ၅ နာရီ က · ပင်လည်ဘူး

စပါးကြီးထွားမှုအဆင့်ကို Vegetative Phase Reproductive Phase Ripening Phase ဆိုပြီး ၃မျိုးရှိတယ်လို့ သိထားပါတယ် Vegetative Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ Reproductive Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ Ripening Phase မှာဖွံ့ဖြိုးမှုအဆင့်ခွဲတွေ ဘယ်နှဆင့်ရှိပါသလဲ အဆင့်ခွဲ တွေအကြောင်း အသေးစိတ် ဖြေပေးပါလားဗျာ

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၄ ခု

Sai Kaung Myat Kyaw Kyaw
Sai Kaung Myat Kyaw Kyaw 95 လွန်ခဲ့သော ၁၇ မိနစ် က

@Thar Po Sai Kaung Myat Kyaw Kyaw ကျေးဇူးပါ ဆရာ အဲ့လိုဆို ကျနော်တို့ဒေသမှာ ခေါ်နေကြတဲ့ ကောက်ငန်းလှန်းတဲ့အချိန် မှို့ကပ်တဲ့အချိန် ဖုံးတုံးလုံးတုံးအချိန် မောင်းညိုချိန်ဆိုတာ‌တွေကရော ဘယ်ဖွံ့ဖြိုးမှု အဆင့်ခွဲတွေမှာ ပါပါသလဲဆရာ

Sai Kaung Myat Kyaw Kyaw
Sai Kaung Myat Kyaw Kyaw 95 လွန်ခဲ့သော ၁၈ မိနစ် က

@သော်ဇင် Sai Kaung Myat Kyaw Kyaw ကျေးဇူးပါ ဆရာ အဲ့လိုဆို ကျနော်တို့ဒေသမှာ ခေါ်နေကြတဲ့ ကောက်ငန်းလှန်းတဲ့အချိန် မှို့ကပ်တဲ့အချိန် ဖုံးတုံးလုံးတုံးအချိန် မောင်းညိုချိန်ဆိုတာ‌တွေကရော ဘယ်ဖွံ့ဖြိုးမှု အဆင့်ခွဲတွေမှာ ပါပါသလဲဆရာ

Thar Po
Thar Po အတည်ပြုပြီး 34,323 လွန်ခဲ့သော ၁ နာရီ က

.1. Vegetative Phase Number of stages: 4 main stages (Stages 0 to 3, or germination through stem elongation): Stage 0: Germination to emergence Stage 1: Seedling stage Stage 2: Tillering stage Stage 3: Stem elongation [1, 2] Duration: Spans from germination to panicle initiation (typically 30 to 60+ days depending on the variety). [1, 2] 2. Reproductive Phase Number of stages: 3 main stages (Stages 4 to 6): Stage 4: Panicle initiation to booting Stage 5: Heading (panicle exsertion / 50% exertion) Stage 6: Flowering (anthesis) [1, 2, 3] Duration: Spans from panicle initiation to flowering (typically around 30 to 35 days in tropical climates). [1, 2] 3. Ripening Phase Number of stages: 3 main stages (Stages 7 to 9): Stage 7: Milk grain stage Stage 8: Dough grain stage Stage 9: Mature grain stage (harvest readiness) [1, 2] Duration: Spans from flowering to mature grain (typically around 30 days). [1, 2]

သော်ဇင်
သော်ဇင် 424,048 လွန်ခဲ့သော ၄ နာရီ က

@Sai Kaung Myat Kyaw Kyaw နိုင်ငံတကာစပါးသုတေသနအဖွဲ့ (IRRI) ၏ သတ်မှတ်ချက်အရ စပါးပင်တစ်ပင်လုံး၏ ကြီးထွားမှုဖြစ်စဉ်တွင် စုစုပေါင်း အဆင့်ခွဲ (၁၀) ဆင့် (Stage 0 မှ 9 ထိ) ရှိပါတယ်။ ပထမဦးဆုံးဖြစ်သော ပင်ပိုင်းကြီးထွားသည့်အဆင့် (Vegetative Phase) တွင် မျိုးစေ့အညှောက်ပေါက်ခြင်း၊ ပျိုးပင်ဘဝ၊ ပင်ပွားထွက်ခြင်းနှင့် ပင်စည်ရှည်ထွက် ခြင်းဟူ၍ အဆင့်ခွဲ (၄) ဆင့် ရှိပါတယ်။ ဒုတိယဖြစ်သော မျိုးပွားသည့်အဆင့် (Reproductive Phase) တွင် စပါးနှံသန္ဓေတည်၍ မှို့ကပ်ခြင်း၊ အနှံထွက်ခြင်းနှင့် ပန်းပွင့်စပ်ယှက်ခြင်း - စပါးပွင့်ကလေးများပွင့်ပြီး ဝတ်မှုံကူးစပ်ယှက်ကာ သန္ဓေအောင်သည့် အဆင့်ဖြစ်ပါတယ် (များသောအားဖြင့် မနက်ပိုင်းအချိန်တွင် အပွင့်များ ပွင့်တတ်ကြပါတယ်)ဟူ၍ အဆင့်ခွဲ (၃) ဆင့် ရှိပါတယ်။ တတိယဖြစ်သော စပါးနှံရင့်မှည့်သည့်အဆင့် တွင် နို့ရည်တည်ခြင်း၊ စပါးစေ့အတွင်းရှိ နို့ရည်များ တဖြည်းဖြည်း ခမ်းခြောက်လာပြီး မာသောအဆင့်သို့ ကူးပြောင်းလာသည့် အဆင့်နှင့် စပါးနှံဝင်းမှည့်ခြင်းဟူ၍ အဆင့်ခွဲ (၃) ဆင့် အသီးသီး ရှိကြပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ

ဖြေကြားချက် 2 ခု

ဧရာပဒေသာ၁၀၇ရက်သားအနှံထွက်စပြုပါပြီပုလဲသီးသန့်ကျွေးသင့်လားဆာလ်ဖာပုလဲပဲကျွေးသင့်လားခဗျ၁လသားမှာ၁၆ပတ်လည်နဲ့ပုလဲ...

ဖြေကြားချက် 2 ခု

အစိမ်းရောင်လမ်း Appသုံးစွဲရတာအဆင်ပြေကြလားခင်ဗျာ၊ ကျွန်တော်‌ကတော့ Appဖျက်လိုက်၊ အကောင့်ပြန်ဝင်ပြီးသုံးလိုက်ရ...

ဖြေကြားချက် 1 ခု

အခုလာမယ့်ဆောင်းစပါးမှာ ရက်ကိုးဆယ် ထည့်ချင်တယ် နဲနဲ နောက်ကျမှာ ဖစ်တဲ့အတွက် ကြက်သန်းပိုးကျတယ် အဲ့တာ ဘာဆေးဖျန်းရမ...

ဖြေကြားချက် 5 ခု

စပါးပင်များနွားသေးဖြန်းရင်ကောင်းမလားဆရာတဖက်ကလဲမြေဩဇာထည့်မှာပေါ့။

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။