အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
,ရဲ‌ေကျာ်
လွန်ခဲ့သော ၁၆ နာရီ က · မင်းလှ

သကြားပြောင်းစိုက်ချင်ပါတယ်ဗျခု11..လပိုင်းထဲမှာစိုက်မှာပါသခွားစိုက်ထားတဲ့မြေကိုဘောင်တွေကိုပေါက်ဆွပီးမှစိုက်မှာပါမြေစိုဓါတ်တော်တော်နည်းနေပါပြီဘယလိုစိုက်ရမလဲဧက။ ဝက်ရှိပါတယ်

စိုက်ပျိုးနည်း ပြောင်း

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 426,262 လွန်ခဲ့သော ၈ နာရီ က

နိုဝင်ဘာလ (၁၁ လပိုင်း) သည် ဆောင်းရာသီစတင်ချိန်ဖြစ်၍ သကြားပြောင်း စိုက်ပျိုးရန် သင့်တော်သော်လည်း မြေဆီဓာတ်နည်းပါးနေပါက မြေပြင်ချိန်တွင် သဘာဝမြေဩဇာ (နွားချေး/သစ်ဆွေး) ကို တစ်ဧက လှည်းအစီး ၂၀-၃၀ ခန့်နှင့် အောက်ခံဓာတ်မြေဩဇာ (၁၅:၁၅:၁၅ ကွန်ပေါင်း) ၁ အိတ်ကို မဖြစ်မနေ ထည့်သွင်းပြုပြင်ရပါမယ်။ စိုက်ပျိုးရာတွင် အတန်းကြား ၂ ပေခွဲ၊ ပင်ကြား ၁ ပေ ထားရှိပြီး၊ လက်ရှိရှိနေသော ရေသွင်းစနစ်ကို အသုံးချကာ အစိုဓာတ်မပြတ်အောင် ၇ ရက်မှ ၁၀ ရက်တစ်ကြိမ် ရေသွင်းပေးရန် လိုအပ်ပါတယ်။ အပင်သက်တမ်း ၁၅ ရက်နှင့် ရက် ၃၀ တွင်လည်း ယူရီးယား (ပုလဲ) မြေဩဇာကို အပင်ခြေ၌ ထပ်မံကျွေးပေးရပါမယ်ခင်ဗျာ။

Soe Moe
Soe Moe 915 လွန်ခဲ့သော ၁၅ နာရီ က

အစိုဓာတ်နည်းနေရင်တော့ ဘောင်ပေါက် နွားချေးဆွေး ဒါမှမဟုတ် သဘာဝမြေသြဇာထည့်ပြီး ရေအရင်ပေးပြီးမှ မျိုးစေ့ချပါ။ ပြီးရင် ကောက်ရိုးနဲ့ ဘောင်အုပ်ထားပေးပါ။ ဒါမှ အစိုဓာတ်ကို ထိန်းပေးပြီး အပင်ပေါက်ကောင်းမှာဖြစ်ပါတယ်။ ပင်ကြား ၁၀ လက်မ တန်းကြား ၂ပေ ၂ ပေခွဲလောက် ထားပေးပါ။ မြေခံထည့်မယ်ဆိုရင်တော့ ၁၅ ပတ်လည် ဒါမှမဟုတ် ၁၆-၁၆-၈ ထည့်ပေးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။