အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Lin Oo
Aung Lin Oo 76
လွန်ခဲ့သော ၆ ရက် က · ဇလွန်

အပင်အားဆေးဖျန်းပီး၅ရက်ကြာရင်မှိုဆေးဖျန်းလို့အဆင်ပြေနိုင်လားဆရာ အားဆေးကlucky7 +3ပါမှိုဆေးက ဟက်ဇာကိုနာဇိုးပါအားဆေးဖျန်းပီးအပင်သိပ်မတက်လို့ပါ မက်ပဲပင်အသက်၂၅ရက်ပ

အပင်အာဟာရ မတ်ပဲ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 444,704 လွန်ခဲ့သော ၆ ရက် က
ဤအဖြေဖြင့် ပြေလည်

@Aung Lin Oo ရွှေနဂါး လက်ကီးဆဲဗင်း အားဆေးဖျန်းပြီး ၅ ရက်အကြာတွင် ဟက်ဇာကိုနာဇိုး (Hexaconazole) မှိုဆေးကို စိတ်ချလက်ချ ဖျန်းနိုင်ပါတယ်။ ဆေးနှစ်မျိုးကြား ၅ ရက်ခြားထားခြင်းကြောင့် ဓာတုဓာတ်ပြုမှု ဆိုးကျိုးမရှိနိုင်ဘဲ အပင်အတွက် လုံခြုံစိတ်ချရပါတယ်။ သက်တမ်း ၂၅ ရက်ရှိ မတ်ပဲပင် အပင်သိပ်မတက်ခြင်းမှာ ရောဂါကြောင့် သို့မဟုတ် မြေအစိုဓာတ် နည်းပါးခြင်းကြောင့် ဖြစ်နိုင်သဖြင့် ယခုကဲ့သို့ မှိုဆေးဖျန်းပေးခြင်းဖြင့် ဖားဥမှိုနှင့် ရွက်ပြောက်ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးဖျန်းရာတွင် အပင်အာဟာရ စုပ်ယူမှုကောင်းစေရန် နေပြင်းချိန်ကိုရှောင်ပြီး မနက်စောစော သို့မဟုတ် ညနေအေးချိန်တွင်သာ ဖျန်းပေးရန် အကြံပြုလိုပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 220,310 လွန်ခဲ့သော ၆ ရက် က

အားဆေးကသိပ်စိတ်မချရဘူးAmonium sulphate လိုstarta solution လို နိုက်ထရိုဂျင်တို့ကန့်တို့ပါတဲ့ရေ​ြျော်လွယ်တဲ့ဓာတ်မြေသြဇာတို့ဖျန်းပါရေတတ်ဂါလန်စာပွဲတစ်ဇွန်းနန်းဖျန်းပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆေးလှောင်တာတို့ အပူချိန်များချိန်မှာ ec ဆေးမျိုးဖျန်းမိပီး အပင်ညိုးတာမျိုးစို ဘာလိုကုသရမလဲ ဘယ်aiတွေသုံးသင့်လဲ

ဖြေကြားချက် 2 ခု

ဲမိုခါပဲ 37ရက်သားရှိနေပြီ ပွင့်ထွေးမတွေ့ရသေးပါ30ရက်သားလောက်က. ရွှေမိုးငွေမိုး(အား ဆေး)ဖြန်းပြီး3ရက်လောက်နေတော့...

ဖြေကြားချက် 2 ခု

မိုခါမျိုး 37ရက်သား ွ 30ရက်သားလောက်က အားဆေး( ရွှေမိုးငွေမုးိ)3ရက်လောက်ကြာတော့ပုံပိုးသတ်ဆေး ကို အရွက်ကိုက်ပိုး...

ဖြေကြားချက် 2 ခု

မတ်ပဲ တစ်လနဲ့၂ရက်ပါ ကိုင်းသိပ်မထွက်လို့ Nအချိုးပါတဲ့ရွက်ဖျန်းအားဆေးဖျန်းလို့ရသေးလားဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ၄၅ရက်သား မှာ အရွက်အဲ့လိုဝေးဝေးတစ်ပင်ဖြစ်​ေနတယ် တစ်ပင်လုံးမဖြစ်ဘဲ အရွက်တစ်ကိုင်းကညိုးကျနေတယ် နောက်တစ်...

ဖြေကြားချက် 4 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။