ဖြေကြားချက် ၁ ခု
@Win Naing နွေစပါးပျိုးခင်းတွင် ပျိုးပင်ငယ်များ ဆေးလောင်ခြင်းနှင့် ကြီးထွားမှုရပ်တန့်ခြင်းတို့ မဖြစ်စေရန် ပေါင်းသတ်ဆေးကို တတ်နိုင်သမျှ မသုံးသင့်ဘဲ မဖြစ်မနေ လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။ ပေါင်းသတ်ဆေး မသုံးရစေရန်အတွက် ပျိုးမကြဲမီ ၁၀ ရက်မှ ၁၄ ရက်ခန့် ကြိုတင်၍ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင် ပြင်ဆင်ပြီး ရေသွင်းကာ ပေါက်လာသော ပေါင်းပင်များကို ထပ်မံထွန်မွှေဖျက်ဆီးခြင်း ပြုလုပ်ရပါမယ်။ ထို့အပြင် ပျိုးခင်းမျက်နှာပြင်ကို ညီညာအောင်ညှိခြင်း၊ သန့်စင်သော မျိုးစေ့ကို အသုံးပြုခြင်းနှင့် ပျိုးသက် ၇ ရက်မှ ၁၀ ရက်သားတွင် ရေပါးပါး (၁ လက်မခန့်) လှောင်ပေးခြင်းဖြင့် ပေါင်းမြက်ကို ထိန်းချုပ်နိုင်ပါတယ်။ အကယ်၍ မဖြစ်မနေ ပေါင်းသတ်ဆေး သုံးရမည်ဆိုပါက စပါးပျိုးပင် အရွက် ၃-၄ ရွက် (ပျိုးသက် ၁၀-၁၄ ရက်) နှင့် ပေါင်းပင် အရွက် ၂-၃ ရွက် ထွက်ချိန်တွင် ရေအကုန်ထုတ်၍ ပေါင်းပေါက်ပြီး ဖျန်းဆေး (ဥပမာ- Bispyribac-sodium) ကို အညွှန်းအတိုင်း ညီညာစွာ ဖျန်းပေးရမည်ဖြစ်ပြီး ဆေးဖျန်းပြီး ၁-၂ ရက်အကြာတွင် ရေပြန်သွင်းပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
စပါးများမှာ အနှံဖြူတွေ ထွက်နေပါတယ်ဗျ
ဖြေကြားချက် 1 ခု
ကျနော်တို့ဒေသမှာ ခေါ်နေကြတဲ့ ကောက်ငန်းလှန်းတဲ့အချိန် မှို့ကပ်တဲ့အချိန် ဖုံးတုံးလုံးတုံးအချိန် မောင်းညိုချိန်...
ဖြေကြားချက် 2 ခု
ဘာလို့အထွက်နုန်နည်းတာလဲ
ဖြေကြားချက် 2 ခု
ph 09760779673 ဂျပန် EM OEM1လီတာ 50000 CEM 1လီတာ 5000 တင်လဲရည် 1လီတာ 3000 အများဈေး သီးသန့်ရှိပါတယ် တခြားအော်ဂဲ...
ဖြေကြားချက် 4 ခု
ကျနော်တို့ဒေသမှာ ခေါ်ကြတဲ့ "ကျောက်ဆည်ပဒေသာစပါးမျိုး"က "ဧရာမင်းစပါးမျိုး" လားဗျ သက်တမ်းဘယ်လောက်ရှိပါသလဲ
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ