အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ei Ei Phway
Ei Ei Phway 180
လွန်ခဲ့သော ၁၂ နာရီ က · ရွှေဘို

မိုးကြောင့်စပါးပင်တွေကလဲနေပါတယ်အနှံကမစုံတက်သေးပါဘူး ပျက်စီးနိုင်ပါလား အပင်တွေကပြန်လည်ထောင်နိုင်ပါလား

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၂ ခု

Thar Po
Thar Po အတည်ပြုပြီး 35,631 လွန်ခဲ့သော ၁၀ နာရီ က

ဆံပင် ကြက်တောင်စည်းသလို၊ စပါးပင်တွေကို လက်တဆုပ်စာ စုစည်းပေးနိုင်ရင် ကောင်းပါတယ်။သူ့အလိုလို မထောင်နိုင်တော့ပါဘူး

သော်ဇင်
သော်ဇင် 441,685 လွန်ခဲ့သော ၁၂ နာရီ က

@Ei Ei Phway စပါးပင်များ အနှံမစုံတက်သေးမီ လဲကျပါက အပင်၏ ဆဲလ်ကြီးထွားမှုအရ အပေါ်သို့ အနည်းငယ် ပြန်လည်ကော့ညွတ်ထောင်လာနိုင်စွမ်း ရှိသော်လည်း မတ်မတ်ပြန်ဖြစ်ရန် ခဲယဉ်းပါတယ်။ စပါးပင်လဲရုံဖြင့် လုံးဝမပျက်စီးနိုင်သော်လည်း လဲကျပြီးနောက် ရေမြုပ်နေပါက အစေ့အပင်ပေါက်ခြင်း၊ အနှံပုပ်ခြင်းနှင့် မှိုရောဂါများကြောင့် အထွက်နှုန်းနှင့် အရည်အသွေး သိသိသာသာ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် စပါးခင်းအတွင်းရှိ ဝပ်နေသော ရေများကို အမြန်ဆုံးနုတ်ထုတ်ရန် အရေးကြီးဆုံးဖြစ်ပြီး၊ လိုအပ်ပါက အပင်များကို စုစည်းဒေါက်ထောက်ပေးခြင်းနှင့် မှိုရောဂါကာကွယ်ဆေး ပက်ဖျန်းပေးခြင်းတို့ကို လုပ်ဆောင်ရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ပေါ်ဆန်းစပါးပါ အနှံမစုံသေးပါဘူးမိုးကြောင့် စပါးပင်တွေကလဲနေပါတယ်စိုးရိမ်ရပါသလား မိုးရေစစ်ရင်ပြန်ပြီးအပင်တွေ...

ဖြေကြားချက် 1 ခု

စပါးအသက်ရက်ဆိုတာ (၁)စပါးမျိုးစေ့အညှောင့်ပေါက်တဲ့ရက်ကနေ စပါးမှည့်လို့ရိတ်သိမ်းလို့ရတဲ့အချိန်ထိကို ခေါ်တာလား ဒါ...

ဖြေကြားချက် 1 ခု

စပါးဈေး

ဖြေကြားချက် 1 ခု

စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရော...

ဖြေကြားချက် 1 ခု

ဒီ၂၀၂၆ ခုနှစ်မှာ စပါးတွေဘာကြောင့် အထွက်လျော့နည်းတာတွေဖြစ်နေကြလဲ ဘာကြောင့်ဒီလိုဖြစ်နေလဲ သိရင်ဖြေပေးပါဦး။

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။