အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
kyaw zin
kyaw zin 2,328
လွန်ခဲ့သော ၂ ရက် က · ပွင့်ဖြူ

ဧရာပဒေသာဒီနေ့မှ၁၂၀ရက်သားပြည့်တာပါဂုတ်တွေကနို့ရည်မခဲသေးပါဘူးမနေ့ကမိုးနဲ့အပင်လဲနေလို့ရေဖြတ်သင့်လားခဗျာဒါမှမဟုတ်မိုးပွင့်ရင်ရေဆက်သွင်းသင့်လားခဗျာ

စိုက်ပျိုး ရေ စပါး
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၆ ခု

သော်ဇင်
သော်ဇင် 448,312 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

@kyaw zin သက်တမ်း ၁၂၀ ရက်ရှိပြီဖြစ်သော ဧရာပဒေသာစပါးသည် ရင့်မှည့်ခါနီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လက်ရှိတွင် မိုးရွာသွန်းမှုကြောင့် အပင်လဲကျသွားပါက လယ်ကွက်ထဲရှိ ရေများကို ချက်ချင်း ကုန်စင်အောင် ထုတ်ပစ်ရပါမယ်။ စပါးနှံများ ရေဝပ်ပြီး နို့ရည်မခဲသေးသော်လည်း ရေစိုနေပါက စပါးစေ့များ အပင်ပေါ်၌တင် အမြစ်ထွက်ပြီး အပင်ပေါက်ကုန်ခြင်း၊ မှိုတက်ခြင်းနှင့် အရည်အသွေး ပုပ်ပျက်ခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် မိုးကင်းစင်သွားလျှင်လည်း ရေ လုံးဝ (လုံးဝ) ထပ်မသွင်းသင့်ပါဘူး။ ရေထုတ်ပြီးနောက် လဲနေသော စပါးပင်များကို ၃-၄ပင်ခန့် စုစည်းကာ ထောင်ပေးခြင်းဖြင့် လေဝင်လေထွက်ကောင်းမွန်ကာ ကျန်ရှိနေသော နို့ရည်များ သဘာဝအတိုင်း ဆက်လက်အောင်မြင်သွားမည် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

kyaw zin
kyaw zin 2,328 လွန်ခဲ့သော ၅ နာရီ က

@သော်ဇင် ကျေးဇူးပါဆရာ

သော်ဇင်
သော်ဇင် 448,312 လွန်ခဲ့သော ၁ ရက် က

@kyaw zin အဒါဆိုရင်အဆင်ပြေပါတယ်ခင်ဗျာ၊ နှင်းလည်းမနက်တိုင်ကျပြီး အစိုဓာတ်လည်းရှိဦးမှာဆိုတော့ စိတ်မပူရပါဘူးခင်ဗျာ၊ အပင် ခြေပါမကျန် ပိုးကျမကျအမြဲစစ်ဆေးပါခင်ဗျာ။

kyaw zin
kyaw zin 2,328 လွန်ခဲ့သော ၁ ရက် က

@သော်ဇင် ၁၀ရက်တစ်ပါတ်​​​လောက်ထိတော့အစိုဓာတ်ထိန်းနိူင်ပါတယ်ဆရာမြေကတော့မြေနက်မြေစေးပါခဗျာ

သော်ဇင်
သော်ဇင် 448,312 လွန်ခဲ့သော ၂ ရက် က

@kyaw zin စပါးပင်လဲထားသည့်အတွက် လယ်ကွက်ထဲတွင် သမန်းအဆင့် (ခြေမျက်စိမြုပ်ရုံ အစိုဓာတ်) ရှိနေခြင်းသည်ပင် ကျန်ရှိနေသော အနှံများ ဆက်ထွက်ရန်နှင့် နို့ရည်ခဲရန်အတွက် အစိုဓာတ် လုံလောက်မှု ရှိနေပြီဖြစ်သောကြောင့် ရေထပ်သွင်းရန် လုံးဝမလိုပါဘူး။ စပါးပင်လဲနေချိန်တွင် ရေထပ်သွင်းပါက အနှံထွက်မစုံသေးသော အပင်ငယ်လေးများ ပုပ်ပျက်သွားနိုင်သည့်အပြင်၊ ထွက်ပြီးသား စပါးနှံများပါ ရေဝပ်ပြီး အပင်ပေါ်၌တင် အမြစ်ထွက် အပင်ပေါက်ကုန်ပါလိမ့်မယ်။ ထို့ကြောင့် မိုးကင်းစင်သွားသော်လည်း ရေထပ်မသွင်းဘဲ ရှိရင်းစွဲ သမန်းအစိုဓာတ်ဖြင့်သာ သဘာဝအတိုင်း အောင်စေခြင်းက အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။မိမိစိုက်ခင်းမြေဆီလွှာက အစိုဓာတ်မထိန်းနိုင်သည့်သဲဆန်မြေတော့မဟုတ်ဘူးမလား၊ အနည်းဆုံး အစိုဓာတ်ကို ၁၀-၁၅ရက်လောက်တော့ ထိန်းနိုင်မယ်ထင်တယ်မလား

kyaw zin
kyaw zin 2,328 လွန်ခဲ့သော ၂ ရက် က

@သော်ဇင် ကျေးဇူးပါဆရာတချို့နေရာတွေကအနှံထွက်မစုံသေးပါဘူးသမန်းကတော့​ေုခမိက်စိမြုတ်တော့ရှိပါတယ်ရေသွင်းစရာလိုအုန်းမလားလို့ပါဆရာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။