အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ခိုင်လင်းထွန်း
လွန်ခဲ့သော ၂ ရက် က · သာပေါင်း

ချမ်းမြေ့အေးကဘယ်နလသားစပါးလဲဗျ့စပါးအကြောင်းကောင်းသိချင်လို့ပါအာ့စပါးခုမှစလုပ်မလို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 448,332 လွန်ခဲ့သော ၂ ရက် က

@မောင်ခိုင်လင်းထွန်း ချမ်းမြေ့မေ စပါးမျိုးသည် မြန်မာနိုင်ငံတွင် တောင်သူများအကြား ရေပန်းစားလာသော သက်တမ်းတို အရည်အသွေးကောင်း ဆန်မွှေး၊ ဆန်ပျော့ စပါးမျိုး ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် ၁၁၀ ရက်မှ ၁၁၅ ရက် သာရှိပြီး အပင်အမြင့် ၃ ပေမှ ၃ ပေခွဲခန့်အထိ ရှိကာ အပင်ကြံ့ခိုင်မှု ကောင်းမွန်ပါတယ်။ မိုးရာသီနှင့် နွေရာသီ နှစ်ရာသီစလုံးတွင် စိုက်ပျိုးနိုင်သော်လည်း နွေရာသီတွင် အထွက်နှုန်း ပိုမိုကောင်းမွန်ပါတယ်။ ထို့အပြင် လူကြိုက်များသော “ကြာညိုသင်း” စပါးမျိုး သည် ဤချမ်းမြေ့မေစပါးမျိုးနှင့် ဂျက်စမင် (Jasmine) စပါးမျိုးတို့ကို အခြေခံ၍ စနစ်တကျ မျိုးစပ်ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။၁ ဧက ပျမ်းမျှအထွက်နှုန်းမှာ ၈၀ တင်းမှ တင်း ၁၀၀ ကျော် အထိ ထွက်ရှိနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

မောင်ခိုင်လင်းထွန်း
မောင်ခိုင်လင်းထွန်း 108 လွန်ခဲ့သော ၂ ရက် က

@သော်ဇင် ဟုက်ပါတယ်ဆရာသေခိာနာမည်မသလို့ပါရှင်းပြပေးနုင်မလားဆရာစပါးအကြောင်းလေး

သော်ဇင်
သော်ဇင် 448,332 လွန်ခဲ့သော ၂ ရက် က

@မောင်ခိုင်လင်းထွန်း မြန်မာနိုင်ငံတွင် “ချမ်းမြေ့အေး” ဟူသော အမည်ဖြင့် သီးသန့်မှတ်ပုံတင်ထားသည့် စပါးမျိုး မရှိသော်လည်း၊ တောင်သူများအကြား ရေပန်းစားပြီး အမည်ဆင်တူသည့် “ချမ်းမြေ့မေ” စပါးမျိုး ကို ဆိုလိုတာများဖြစ်မလားခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။