ဖြေကြားချက် ၂ ခု
@Khing Hein ထုံးကန့်ဆေးရည် သည် ထိသေမှိုသတ်ဆေး ဖြစ်သောကြောင့် ဒေါင်းနီးနှင့် တောက်တဲ့မြီးရောဂါတို့ကို ကြိုတင်ကာကွယ်ရန်နှင့် ရောဂါအစပျိုးချိန်တွင်သာ ထိန်းချုပ်နိုင်ပြီး ရောဂါပြင်းထန်နေပါက တစ်မျိုးတည်းဖြင့် အပြည့်အဝ မနိုင်ပါဘူး။ သို့သော် မှိုဆဲလ်များကို နေရာစုံမှ တိုက်ခိုက်နိုင်သဖြင့် ဆေးယဉ်ပါးမှု ဖြစ်ပေါ်ခြင်း မရှိသလောက် နည်းပါးပါတယ်။စိုက်ခင်းစီမံခန့်ခွဲမှုအနေဖြင့် ဂျီဗာမရူသမ်နှင့် ဓာတ်မြေဩဇာ တွဲသုံးခြင်းမှာ အလွန်ကောင်းမွန်သော်လည်း ပုလဲမြေဩဇာကို လျှော့ကျွေးပြီး ပိုတက်ရှ်နှင့် ကန့်ဓာတ်ကို ဦးစားပေးရပါမယ်။ လှေးပိုးအတွက် နွားသေးနှင့် မီးခိုးပေါင်းခံရည် ဖျန်းရာတွင် ထုံးကန့်ဆေးနှင့် လုံးဝ ရောမဖျန်းရဘဲ အနည်းဆုံး ၅ ရက်မှ ၇ ရက် ခြားရပါမယ်။ ထို့အတူ မြေဆောင်မှိုအတွက် ထရိုင်ကိုဒါးမားကိုလည်း ထုံးကန့်ဆေးနှင့် ရက်ခြား၍ အသုံးပြုရမည်ဖြစ်ပြီး ပေါင်းသတ်ဆေး ဖျန်းပြီးခါစတွင် အပင်အားဆေး သို့မဟုတ် ဂျီဗာမရူသမ် ဖျန်းပေးခြင်းဖြင့် အပင်စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ကြက်သွန်ပျိုးထောင်ထားတာ စထောင်ပီးကတည်းက ရေတခါပဲဖျန်းလိုက်ရတယ် မိုးဖိထားတာ အခြေအနေဘယ်လို ဖြစ်လာနိုင်သလဲ မှုိး...
ဖြေကြားချက် 2 ခု
မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမ...
ဖြေကြားချက် 1 ခု
မိုးရွာနေတာ ၄ရက်မြောက်ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိ...
ဖြေကြားချက် 1 ခု
ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား
ဖြေကြားချက် 4 ခု
ကြက်သွန်နီပျိုးဖို့မြေကိုပေါင်းမပေါက်အောင်ဘယ်လို့လုပ်ရ စိုက်ရင်ရောဘာပေါင်းအုပ်ဆေးသုံးရ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ