အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်ခိုင်လင်းထွန်း
လွန်ခဲ့သော ၁ နာရီ က · သာပေါင်း

ဆရာပဲတီစိမ်းတွေကအရွက်တွေခြောက်ပြီးနွမါးကျသွားတယ်ဆရာမှိုကျတယ်ထင်ပြီးတော့မှိုဆေးတော့ဖြန်းထားတယ်ဆရာအကြံပေးပါအုံးမှိုကျမကျဆရာဆေး​လဲညွန်ပါအုံးဆရာ

စိုက်ပျိုးစီးပွား စပါး
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 449,353 လွန်ခဲ့သော ၂၈ မိနစ် က

@မောင်ခိုင်လင်းထွန်း ပုံပါ ပဲတီစိမ်းပင်၏ လက္ခဏာများမှာ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (BLB) ဖြစ်နိုင်ခြေ အလွန်များပြီး မြေခြောက်၍ အမြစ်ပုပ်ရောဂါနှင့်ပါ တွဲဖက်ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားရောဂါသည် သာမန်မှိုသတ်ဆေးဖြင့် မပျောက်ကင်းနိုင်သောကြောင့် Copper Hydroxide သို့မဟုတ် Kasugamycin ကဲ့သို့သော ဘက်တီးရီးယားသတ်ဆေးကို ပြောင်းလဲပက်ဖျန်းရန် လိုအပ်ပါတယ်။ တစ်ဆက်တည်းမှာပင် ရောဂါကျအပင်ကို နှုတ်၍ အမြစ်မည်းပုပ်နေခြင်း ရှိ၊ မရှိ စစ်ဆေးပြီး အမြစ်ပုပ်ပါက Hymexazol ပါဝင်သော မှိုဆေးကို အပင်ခြေသို့ ဖျန်းပေးပါ။ ရောဂါသက်သာပြီဆိုပါကအပင်အားဆေး ဖျန်းပေးခြင်းဖြင့် အပင်ပြန်လည်နာလန်ထူလာစေရန် ဆောင်ရွက်သင့်ပါတယ်။ဘာရောဂါကြောင့်လဲသိနိုင်ရန် သေနေပင်စည်ကို ဖြတ်ပြီး ဖန်ခွက်ထဲ စိမ်ကြည့်ပါ၊ အဖြူရောင်အမျှင်တန်းများစိမ့်ထွက်လာပါက ဘက်တီးရီးယားရောဂါပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။