အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်ထွန်း
လွန်ခဲ့သော ၂၃ နာရီ က · ဖယ်ခုံ

သီးနှံအတွက် မြေသြဇာမြေခံ ဘာအကောင်းဆုံးလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မြေဆီလွှာ ခရမ်းချဉ်

ဖြေကြားချက် ၃ ခု

AungNaingWin
AungNaingWin 48 လွန်ခဲ့သော ၄ နာရီ က

ခရမ်းချဥ်အတွက် မြေခံမယ်ဆိုရင် NPK(16.16.16) ဖြစ်ဖြစ် (15.15.15)ကို သုံးစေချင်တယ် ဒါမှ မဟုတ် အမြစ်ကြီးထွားဖို့TSP ၁အိတ် ပိုတက်ရှ် ကို ရောသုံးပါ

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 220,378 လွန်ခဲ့သော ၇ နာရီ က

ကျော်ထွန်း ခရမ်းချဥ်အတွက်မြေခံအနေဖြင့်pHသိပ်ကျနေရင်ထုံးသို့မဟုတ်ဂျပ်စင် တီစူပါတို့ကိုမြေခံထည့်ပါ၁၅ပတ်လယ်ကို လည်းပုံမှန်ထည့်ပေးပါအမိုနီယံဆာလဖိတ်ကိုရွက်ဖျန်းအနေနဲ့ကြီမြန်အောင်သုံးပါ

သော်ဇင်
သော်ဇင် 456,347 လွန်ခဲ့သော ၂၂ နာရီ က

@ကျော်ထွန်း ခရမ်းချဉ်စိုက်ပျိုးရာတွင် အမြစ်ဖွဲ့စည်းမှု ကောင်းမွန်ပြီး အပင်သန်မာစေရန်အတွက် မြေခံအဖြစ် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို အချိုးကျ ပေါင်းစပ်ထည့်သွင်းခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ တစ်ဧကလျှင် ကောင်းစွာဆွေးမြည့်ပြီးသား နွားချေး သို့မဟုတ် ကြက်ချေး တင်း ၂၀၀ မှ ၃၀၀ ခန့်နှင့်အတူ အမြစ်ကြီးထွားစေရန် တီစူပါ (TSP) ၁ အိတ်မှ ၁ အိတ်ခွဲ၊ ကွန်ပေါင်း (၁၅:၁၅:၁၅) ၁ အိတ်နှင့် ပိုတက်ရှ် (MOP) အိတ်ဝက်ခန့်ကို ရောစပ်ထည့်ပေးသင့်ပါတယ်။ ထို့အပြင် အသီးဖင်ပုပ်ရောဂါကို ကြိုတင်ကာကွယ်ရန် ဂျစ်ပဆမ်ကို မြေပြင်ချိန်တွင် ထည့်သွင်းပြီး မြေသားနှင့် သမအောင် ရောမွှေကာ အပေါ်မှ မြေဆွေးအပါးလွှာဖုံးအုပ်ပြီးမှသာ စိုက်ပျိုးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။