အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Saung
Saung 149
လွန်ခဲ့သော ၅ နာရီ က

ငရုပ်အပင်​လးတွေကို ထရိုင်ကိုဒါးမားဆေးဖျန်းချင်နေပါသော်လဲ ပိုးတွေတအားကျနေလို့ပိုးသတ်ဆေးနဲ့ မှိုဆေးတွေဖျန်းနေရတယ် ထရိုင်ကိုဒါးမားကိုဘယ်ချိန်မှာ ဖျန်းလို့ရမလဲဆရာ ပိုးသတ်ဆေးတွေ မှုိဆေးတွေသုံးနေရတော့ ထရိုင်ကိုဒါးမားသုံးလို့အဆင်ပြေပါ့မလားရှင့် ဖြေပေးပါဦးနော်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၀ ရက်
ပိုးမွှားရောဂါ ငရုတ်ကောင်း

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 456,347 လွန်ခဲ့သော ၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

@Saung ငရုတ်ပင်တွေမှာ ဓာတုပိုးသတ်ဆေးနဲ့ မှိုသတ်ဆေးတွေ ဖျန်းနေရပေမဲ့ ထရိုင်ကိုဒါးမား အကျိုးပြုမှိုကို စနစ်တကျ ရက်ခြားပြီး သုံးလို့ရပါတယ်။ ထရိုင်ကိုဒါးမားဟာ သက်ရှိမှိုတစ်မျိုးဖြစ်လို့ ဓာတုမှိုဆေးတွေနဲ့ ဘယ်တော့မှ ရောမဖျန်းရဘဲ မှိုဆေးဖျန်းပြီး ၅ ရက်မှ ၇ ရက်အကြာမှာမှ သုံးပေးရပါမယ်။ ပိုးသတ်ဆေးဖျန်းထားရင်တော့ ၃ ရက်မှ ၅ ရက်ခြားပြီး ဖျန်းနိုင်ပါတယ်။ နေရောင်ခြည်ပြင်းပြင်းက အကျိုးပြုမှိုတွေကို သေစေနိုင်တာကြောင့် ညနေခင်း နေဝင်ရီတရောအချိန်မှာ မြေကြီးအစိုဓာတ်ရှိတုန်း ဖျန်းပေးခြင်းက အထိရောက်ဆုံး ဖြစ်ပါတယ်။မြေကြီးထဲကို ထည့်မယ်ဆိုရင် နွားချေးဆွေး၊ သစ်ဆွေးမြေဩဇာတွေနဲ့ ရောနှပ်ပြီး အပင်ခြေမှာ ကျွေးပေးပါက အကျိုးပြုမှိုတွေ အမြစ်နားမှာ အကြာကြီး ရှင်သန်ပွားများပြီး မြစ်ပုပ်၊ ပင်ညှိုးရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။လက်ရှိ ပိုးအရမ်းကျနေတဲ့ အချိန်မှာ ပိုးသတ်ဆေးကို အရင်ဖျန်းပြီး ပိုးကို နှိမ်နင်းလိုက်ပါ။ ပိုးသတ်ဆေးဖျန်းပြီး ၃ ရက်မှ ၅ ရက်အကြာ ညနေခင်းပိုင်းမှာ ထရိုင်ကိုဒါးမားကို အပင်ခြေမြေကြီးထဲ လောင်းထည့်တာ ဒါမှမဟုတ် အရွက်တွေပေါ် ဖျန်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ အကယ်၍ ဓာတုမှိုသတ်ဆေးပါ ဖျန်းထားရင်တော့ ၇ ရက်ပြည့်အောင် စောင့်ပြီးမှ ထရိုင်ကိုဒါးမားကို အသုံးပြုပေးပါ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Saung
Saung 149 လွန်ခဲ့သော ၄ နာရီ က

ကျေးဇူးပါ ဆရာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။