အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးဇာနည်
လွန်ခဲ့သော ၄ ရက် က · ကြံခင်း

လယ်ပဲခုအချိန်မှကြဲရင်နောက်ကြနေပြီလားခင်ဗျကျောက်မှုန့်ထည့်ရင်အဆင်ပြေလားခင်ဗျဝါးခယ်မနဲ့မတ်ပဲကဲမှာပါ

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 465,868 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

@ဦးဇာနည် လက်ရှိ နိုဝင်ဘာလလယ်ပိုင်းဟာ လယ်သီးထပ်မတ်ပဲကြဲဖို့ လုံးဝနောက်မကျသေးပါဘူး။ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း စိုက်ပျိုးတာဟာ အကောင်းဆုံးစိုက်ချိန်ဖြစ်လို့ လယ်ကွက်ထဲ အစိုဓာတ်ကောင်းတုန်း အမြန်ဆုံးကြဲသင့်ပါတယ်။ စိုက်ပျိုးချိန်မှာ ကျောက်မှုန့် (ဂျစ်ပဆန်) တစ်ဧကကို ပြည် (၂၀) ခန့် မြေခံထည့်ပေးရင် အမြစ်ဖွံ့ဖြိုးပြီး အတောင့်အဆန် အောင်မြင်စေလို့ အထူးကောင်းမွန်ပါတယ်။ မြေနိမ့်ပြီး အစိုဓာတ်ပိုထိန်းတဲ့အကွက်မှာ မတ်ပဲစိုက်ပြီး ရေစိမ့်အားကောင်းတဲ့ ကုန်းပိုင်းအကွက်မှာ ဝါးခယ်မမျိုးကို ခွဲစိုက်ပေးမယ်ဆိုရင် အထွက်နှုန်းရော အရည်အသွေးပါ ပိုမိုကောင်းမွန်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

AungNaingWin
AungNaingWin 166 လွန်ခဲ့သော ၄ ရက် က

နိုဝင်ဘာလ အကုန်အတွင်းပတ်ဖြန်းနိုင်သည် ကျောက်မူန့်နဲ့ ဟူးမစ် အမူန့် 2kg အထုပ်လေး ရော ဖြန်းရင် ပိုကောင်းပါသည်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,124,231 လွန်ခဲ့သော ၄ ရက် က

နိုဝင်ဘာလကုန်အတွင်း အပြီးကြဲနိုင်ရင်/ထွန်ရေးကောင်းရင် ရနိုင်ပါသေးတယ်။

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပွင့်လိုက်တဲ့အချိန်မှာငါးအမိုင်နိုဖျန်းရင်ဘယ်လိုအကျိုးကျေးဇူးရနိုင်လည်းခဗျ ဆိုးကျိုးရောရှိနိုင်လားခဗျ🙏🙏🙏

ဖြေကြားချက် 2 ခု

အဆီဖိတ်ပိုးသတ်ဆေးကို မတ်ပဲပင် 40ရက်သားမှာ ရွက်ဖျန်းအားဆေးတွေနဲ့ တွဲဖျန်းလို့ရနိူင်ပါလား

ဖြေကြားချက် 2 ခု

ရေနစ်ထားတာပါဆရာ ဘယ်မှိုဆေးသုံးရင်အကောင်းဆုံးဖြစ်မလဲခင်ဗျာ။အထိရောက်ဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့ မှိုဆေးညွန်ပေးပါ ဆ...

ဖြေကြားချက် 6 ခု

ပုံပါဆေးသုံးမျိုးရောဖြန်းလို့ ရလား ဆရာတို့ အပင်တွေ အမြစ်ပုပ်ပုပ်ပြီး အကွက်လိုက်သေနေလို့ ပိုးတွေလဲကျနေလို့

ဖြေကြားချက် 3 ခု

မိုးတွေ က မြေကြီး ခြောက်ခါနီးရင် ပြန်ပြန်ရွာနေလို့ မတ်ပဲ/ပဲတီစိမ်းက ရာသီ မမှီရင် ပဲ မကောင်းဘူးလို့ ပြောလို့...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။