အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hlaing Min Tun
လွန်ခဲ့သော ၃ ရက် က · ကျုံပျော်

သက်တမ်း42ရက်သား အပင်စောစော မကျစေရန်နှင့် အပွင့်များထပ်ပွင့်အောင် ဆေးလိုက်လို့ရသေးလား ဆရာတို့အသီးအရမ်းနည်းလို့ တချို့က7တောင့်လေက်ပဲရှိလို့ မိုခါမျိုးပါဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၂ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
အပင်အာဟာရ မတ်ပဲ
Post image
Post image
Post image
Post image
Post image
+၂

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 465,868 လွန်ခဲ့သော ၃ ရက် က
ဤအဖြေဖြင့် ပြေလည်

@Hlaing Min Tun မိုခါမတ်ပဲဟာ သက်တမ်းတိုမျိုး ဖြစ်တာကြောင့် ၄၂ ရက်သားမှာ အသီး ၇ တောင့်ခန့် စဝင်တာ ပုံမှန်ဖြစ်ပြီး အပင်သက်တမ်း ၇၅ ရက်မှ ၈၅ ရက်ဝန်းကျင်အထိ ရှိတာကြောင့် အခုချိန်မှာ ဆေးလိုက်ဖျန်းပေးလို့ ရပါသေးတယ်။ ပင်ပိုင်းကြီးထွားမှုကို အားပေးတဲ့ ပုလဲ (နိုက်ထရိုဂျင်) အားဆေးတွေကို ရှောင်ကြဉ်ပြီး အပွင့်အသီးအတွက် ကယ်လ်ဆီယမ်-ဘိုရွန် (Calcium + Boron) နဲ့ ပိုတက်စီယမ် အချိုးများတဲ့ ရွက်ဖျန်းအားဆေး (ဥပမာ NPK 0-52-34) ကို ပက်ဖျန်းပေးပါ။ ဒါ့အပြင် မြေအစိုဓာတ် မပြတ်အောင် ထိန်းသိမ်းပေးခြင်းနဲ့ သီးတောင့်ထိုးပိုး၊ ပွင့်ထွေးပိုးတွေကို ကာကွယ်ပေးခြင်းဖြင့် အပင်စောစော မကျဘဲ အပွင့်အသီးတွေ ထပ်မံတိုးပွားလာပါလိမ့်မယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

လှခိုင်
လှခိုင် 194 လွန်ခဲ့သော ၁ ရက် က

နောက်အချိုးများတဲ့အားဆေးတွေလိုက်ရပါသေးတယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,124,230 လွန်ခဲ့သော ၃ ရက် က

အပင်သက်တမ်းအပြည့် ရှင်သန်ဖို့၊ပွင့်သီးနိုင်ဖို့၊သီးပွင့်အားဆေးအပြင်၊မှိုရောဂါ ကာကွယ်ဆေးကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။