အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Than Toe Aung
လွန်ခဲ့သော ၂ ရက် က · မလှိုင်

နွားသေးအချဉ်ဖောက်ရည် ကို စပါးခင်းအတွက် ဘယ်အချိန်ထိဖျန်းရသလဲဆရာ

အပင်အာဟာရ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 465,380 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

@U Than Toe Aung နွားသေးအချဉ်ဖောက်ရည်ကို စပါးခင်းတွင် စပါးပင်ပွားထွက်ချိန် (စိုက်ပြီး ၁၅ ရက်သားခန့်) မှစ၍ အနှံထွက်စုံချိန်မတိုင်ခင်အထိ၁၅ ရက်ခြား တစ်ကြိမ် ဖျန်းပေးနိုင်ပါသည်။ နွားသေးတွင် ပုလဲဓာတ် (နိုက်ထရိုဂျင်) ကြွယ်ဝသောကြောင့် ပင်ပွားများစေရန်၊ ဖုံးတုံးလုံးတုံးအချိန်တွင် အနှံအားကောင်းစေရန်နှင့် အစေ့အဆန် ပြည့်ဖြိုးစေရန် အထောက်အကူပြုပါတယ်။ သို့သော် စပါးပန်းပွင့်နေချိန် (နံနက် ၉ နာရီမှ ၁၁ နာရီ) တွင် ဝတ်မှုန်ကူးမှု မထိခိုက်စေရန် ရှောင်ကြဉ်ရမည်ဖြစ်ပြီး၊ နို့ရည်တည်ပြီး စပါးနှံများ ဝါဝင်းစပြုလာချိန်တွင်မူ အမှည့်နောက်မကျစေရန်နှင့် အပင်မယိုင်လဲစေရန် ဆက်လက်ပက်ဖျန်းခြင်းကို ရပ်တန့်ရပါမယ်။ အသုံးပြုရာတွင် ဆေးရည် (၁) ဆလျှင် ရေ (၁၅) ဆမှ (၂၀) ဆအထိ ရောစပ်၍ နေအေးချိန်တွင်သာ ဖျန်းပေးသင့်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

အဲ့ဒီခြေနေမှာ အဆီဖိတ်လိုမျိုးဆေးကိုဖြန်းလို့ရလားဗျ

ဖြေကြားချက် 1 ခု

ဆရာလယ်ထဲမှာအဲ့လိုအပင်တွေအရမ်းများနေပါတယ်ဆေးဖျန်းပြီး၁ပက်ကျော်လောက်ရှိပါပြီးမသေပါဘူးဆရာလမ်းညွန်ပါအုံးဆရာ

ဖြေကြားချက် 2 ခု

နွားသေးကိုအချဉ်ဖောက်ပီးသုံးရသလားဆရာ စပါးအတွက်ပါ ဖုန်းတုံးလုံးတုံးအချိန်သုံးရပါသလားဆရာ

ဖြေကြားချက် 1 ခု

ဆင်းသုခစပါး သက်တမ်း 40 မှာ ရွက်ဖျား 1 လက်မခြောက်နေလို့ဗျ ရောဂါလား ဆေးဖြန်းဖို့လိုရင် ဘာဆေးတွေ သုံးရမလဲ လမ်း...

ဖြေကြားချက် 1 ခု

ရာသီမရွေးစိုက်လို့ရတဲ့စပါးမျိုးက ဘာတွေဖြစ်မလဲ ဥပမာ နွေ မိုး ဆောင်း စိုက်လို့ရလား စပါးမျိုးနဲ့ သက်ရက်လေးသိချင်...

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။