အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
,ရဲ‌ေကျာ်
လွန်ခဲ့သော ၂ နာရီ က · မင်းလှ

ပြောင်းစိုက်ထားတာ...6ရက်ရှိပါပြီ။ တော့နှမ်းတွေနဲ့ရွက်ပြန့်ပေါင်းလဲရှိပါတယ်ဘာဆေးပတ်ရမလဲဗျ

ပိုးမွှားရောဂါ ပြောင်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 463,160 လွန်ခဲ့သော ၂၆ မိနစ် က

@,ရဲ‌ေကျာ် ပြောင်းစိုက်ပြီး ၆ ရက်သား အရွယ်သည် အပင်ပေါက်ခါစ အလွန်နုနယ်သေးသည့် အချိန်ဖြစ်သောကြောင့် ပေါက်နေပြီဖြစ်သော တောနှမ်းနှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းရန် ပြောင်းပင်ကို မထိခိုက်စေသည့် ရွေးချယ်ပေါင်းသတ်ဆေးကို သုံးရပါမယ်။ အသင့်တော်ဆုံးမှာ Tembotrione (တမ်ဘိုထရီအုန်း) သို့မဟုတ် Topramezone (တိုပရာမီဇုန်း) ပါဝင်သော ဆေးများဖြစ်ပြီး ပေါင်းအရွက် (၂-၄) ရွက်ထွက်ချိန်တွင် ဖျန်းပေးပါက တောနှမ်းပင်များ ဖြူဖျော့ပြီး သေဆုံးသွားပါမယ်။ အထူးသတိပြုရန်မှာ ယခုအချိန်တွင် 2,4-D ဆေးကို လုံးဝမဖျန်းမိစေရန် ဖြစ်ပြီး (ပြောင်းပင်နုသေး၍ ပင်စည်တွန့်လိမ်ပျက်စီးနိုင်သောကြောင့်) မြေအစိုဓာတ်ရှိချိန် နံနက်ခင်း သို့မဟုတ် ညနေပိုင်းတွင် ဆေးညွှန်းအတိုင်း ညီညာစွာ ဖျန်းပေးသင့်ပါတယ်။2,4-D ကို သုံးလိုပါက ပြောင်းပင်သက်တမ်း ရက် ၂၀ မှ ၂၅ ရက်သား (အရွက် ၄-၆ ရွက်ထွက်ချိန်) ရောက်မှသာ ပေါင်းပင်များပေါ်သို့ ဦးတည်ဖျန်းသင့်ပါတယ်။ ပြောင်းပင်က မျိုးဗီဇအလိုက်ပေါင်းသတ်ဆေးဒဏ်မခံနိုင်တာကြောင့် ပေါင်းသတ်ဆေးကို ဧရိယာအနည်းငယ်ကြိုတင်စမ်းသပ်ဖျန်းပြီးမှ ပေါင်းပင်လည်း‌သေ၊ပြောင်းပင်ကိမထိခိုက်ဘူးဆိုမှ ‌‌စိုက်ခင်းအကုန်ဖျန်းသင့်ပါတယ်၊ မစမ်းသပ်ဘဲမဖျန်းဖို့အကြံပြုပါရစေခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။