အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်မျိုးသူ
လွန်ခဲ့သော ၇ နာရီ က · ဝက်လက်

ပေါ်ဆန်း (ဘေးကြား) ခင်းဖြုတ်ကျရင် ဘာဆေးတွေကောင်းလဲဗျ ကျွန်တော်တို့ နယ်ဘက်မာတော့ ဝူရှူး၊ ပိုင်ဒီ၊ နော့ဒေါင်း​ စတဲ့ ဖြုတ်ဆေးတွေတော့အသုံးများပါတယ် ပထမတစ်ခါတော့ဝူရှူးပက်ထားပါတယ်ဗျ နောက်တစ်ရက်ခြာပီး ပက်ချင်လို့ ​ပက်သင့်တဲ့ ဖြုတ်နဲ့ ငါးမြောင်တောင် စတာတွေ ကာကွယ်တဲ့ ဆေးတစ်မျိုးလောက်ညွှန်ပေးကြပါဦးဗျ

ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 465,380 လွန်ခဲ့သော ၆ နာရီ က

@အောင်မျိုးသူ ပေါ်ဆန်း (ဘေးကြား) စပါးခင်းတွင် ဖြုတ်နှင့် ငမြောင်တောင်ပိုး နှစ်မျိုးလုံးကို တစ်ပြိုင်နက် နှိမ်နင်းနိုင်ရန် စုပ်စားပိုးနှင့် ကိုက်ဖြတ်ပိုး နှစ်မျိုးပေါင်းစပ်ထားသည့် အာနိသင်ရှိသော ပိုးသတ်ဆေးများကို အသုံးပြုသင့်ပါတယ်။ ဥပမာအားဖြင့် ဖြုတ်ပိုးအတွက် Dinotefuran သို့မဟုတ် Pymetrozine သို့မဟုတ် Buprofezin နှင့် ငမြောင်တောင်ပိုးအတွက် Emamectin Benzoate သို့မဟုတ် Chlorantraniliprole ပါဝင်သော ဆေးများ ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ သို့သော် ပထမတစ်ကြိမ် ဝူရူးဖျန်းထားပြီး တစ်ရက်တည်းခြား၍ ထပ်ဖျန်းပါက စပါးရွက်ဆေးလောင်နိုင်သဖြင့် အနည်းဆုံး ၅ ရက်မှ ၇ ရက်ခြားပြီးမှသာ ညနေ ၄ နာရီခွဲနောက်ပိုင်းတွင် အပင်အောက်ခြေအထိ ဆေးရည်စိုရွှဲအောင် ပက်ဖျန်းပေးရန် လိုအပ်ပါတယ် ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။