အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Hnin Nu Wai
Hnin Nu Wai 330
လွန်ခဲ့သော ၃ ရက် က · ဆားလင်းကြီး

မြေပဲ1လသားပါ ပုံထဲကပိုးကျနေလို့ပါ အရွက်တွေကိုတော်တော်စားပါတယ် ပုံထဲကဆေးဖျန်းထားပါတယ် အဆင်ပြေနိုင်လားရှင့်

ပိုးမွှားရောဂါ မြေပဲ
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၃ ရက် က

@Hnin Nu Wai ပုံထဲမှာ မြင်တွေ့ရတဲ့ လောက်ကောင်ကတော့ ရွက်စားငမြှောင်တောင်ပိုး (Spodoptera litura) ဖြစ်ပါတယ်။ မြေပဲသက်တမ်း ၁ လသားဆိုတာ မကြာခင် ပန်းပွင့်ပြီး စွယ်ချတော့မယ့် အရေးကြီးအချိန်ဖြစ်လို့ အရွက်တွေ အစားခံရရင် အထွက်နှုန်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့အခင်းထဲက ပေါင်းမြက်တွေကို ရှင်းလင်းပြီး မနက်စောစောနဲ့ ညနေပိုင်းတွေမှာ အကောင်ကြီးနဲ့ ဥမြုံတွေကို လက်နဲ့ကောက်ယူ ဖျက်ဆီးပေး လေ့ရှိတယ်။ လောက်ကောင်အရွယ် ကြီးနေပြီဖြစ်လို့ စားသေ+ထိသေ အာနိသင်ပါတဲ့ အီမာမက်တင် ဘန်ဇိုအိတ် (Emamectin Benzoate) နှင့် လန်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin) အတွဲအစပ် (ဥပမာ - အီမာလန်ဒါ၊ အလန်း စသည့် စျေးကွက်ဝင်တံဆိပ်များ) ကလိုရန်ထရာနီလီပရိုး (Chlorantraniliprole) တစ်မျိုးတည်း သို့မဟုတ် လန်ဒါဆိုင်ဟေလိုသရင်နှင့် ရောစပ်ထားသောဆေး (ဥပမာ - ပရီဗာသွန်၊ အမ်ပလီဂို) အင်ဒေါ့ဇာကပ် (Indoxacarb) သို့မဟုတ် စပိုင်နီတိုရမ် (Spinetoram) ပါဝင်သော ဆေးများ ပါဝင်တဲ့ ပိုးသတ်ဆေး တစ်မျိုးမျိုးကို မြေပဲရွက်မှာ ဆေးစွဲကပ်စေဖို့ စွဲကပ်ပျံ့နှံ့ဆေး ရောစပ်ပြီး ညနေ ၄ နာရီနောက်ပိုင်း ပိုးကောင်အစာထွက်စားချိန်မှာ သေချာနှံ့စပ်အောင် ဖျန်းပေး‌ လေ့ရှိတယ်။ပုံထဲတွင် ပြသထားသော Emamectin Benzoate 5% နှင့် Lambda-cyhalothrin 10% ပေါင်းစပ်ပါဝင်သည့် ပိုးသတ်ဆေးဖြင့် မြေပဲခင်းရှိ ငမြောင်တောင်ပိုးကို ထိရောက်စွာ ပက်ဖျန်းနှိမ်နင်းနိုင်ပါတယ်။ ဤဆေးသည် ထိသေ၊ စားသေနှင့် အရွက်အတွင်း စိမ့်ဝင်အာနိသင်ရှိသောကြောင့် ပိုးကောင်များကို လျင်မြန်စွာ ထိန်းချုပ်နိုင်သော်လည်း ပိုးကောင်အရွယ်အစား အနည်းငယ်ကြီးနေပြီဖြစ်၍ ဆေးအညွှန်းပါ နှုန်းထားအတိုင်းအတိအကျ ဖျော်စပ်ရန် လိုအပ်ပါတယ်။ ငမြောင်တောင်ပိုးသည် ညနေပိုင်းတွင် အစာထွက်စားလေ့ရှိသဖြင့် ညနေ ၄ နာရီနောက်ပိုင်းတွင် စွဲကပ်ဆေး ထည့်သွင်းပက်ဖျန်းပါက အထိရောက်ဆုံးဖြစ်ပြီး၊ ပန်းစပွင့်ချိန်ဖြစ်၍ အပွင့်များပေါ် တိုက်ရိုက်မကျအောင် ဂရုစိုက်ပေးရပါမယ်။တစ်ကြိမ်ဖျန်းပြီး ၅ ရက်မှ ၇ ရက်အတွင်း အခင်းကို ပြန်စစ်ဆေးပါ။ ထပ်မံဖျန်းဖို့ လိုအပ်ပါက ပိုးဆေးယဉ်ပါးမှု မဖြစ်စေဖို့ ပထမအကြိမ်သုံးခဲ့တဲ့ ဆေးအုပ်စုနဲ့ မတူတဲ့ တခြားအဆိပ်ရှိပစ္စည်းပါတဲ့ ဆေးကို ပြောင်းလဲအသုံးပြုပေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။