အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
A Green Thumb
A Green Thumb 640
လွန်ခဲ့သော ၇ နှစ် က · နတ်မောက်

ကျွန်တော်တို့စိုက်ခင်းထဲမှာ ဒီလိုပိုးတွေအများကြီးကျရောက်ဖျက်စီးနေပါတယ်ဗျ... အစုလိုက်အပြုံလိုက်ပါ ညဘက်မှာပဲလှုပ်ရှားကြပါတယ်... ဘယ်လိုနှိမ်နင်းရမယ်ဆိုတာ အကြံပေးစေချင်ပါတယ်ဗျ

ပိုးမွှားရောဂါ ပြောင်း ပြောင်းFAWငမြှောင်တောင်
Post image
Post image
Post image
Post image
Post image
7

ဖြေကြားချက် ၇ ခု

မောင်
မောင် 1,161 လွန်ခဲ့သော ၇ နှစ် က

အပင်သက်1-1ခွဲသားဆိုထိသေစားသေအသုံး ပြုနိုင်ပါတယ် 2လသားကျော်ရင်တောပင်လုံးပြန်အာနိသင်ရှိတဲ့ဆေးတွေကိုသာအသုံးပြုပါ

မောင်
မောင် 1,161 လွန်ခဲ့သော ၇ နှစ် က

အသုံးပြုနိုင်တဲ့ဆေးအမည်တွေပါ

မောင်
မောင် 1,161 လွန်ခဲ့သော ၇ နှစ် က
မောင်
မောင် 1,161 လွန်ခဲ့သော ၇ နှစ် က
ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၇ နှစ် က

အပင်ရေသွင်းတဲ့အခါ ပိုတက်မြေသြဇာကို ထည့်ပါ။ လောက်ကောင်တွေခြောက်ပြီးသေစေဖို့ ပင်စည်ကို ဝိုင်းပြီးထွက်တဲအရွက်များတွင် ပြာမှုန့် သို့ သဲမှုန့် သို့ ထုံး သို့ ဆား သို့ အဝတ်လျော် ဆပ်ပြာရည် ထည့်ပါ။ လောက်ကောင်က ပင်စည်ဝိုင်းပြီးထွက်တဲ့အရွက်တွေမှာ ဝင်ရောက်စားသောက်တတ်လို့ အဲဒီနေရာတွေကို ဂရုစိုက် ဆေးဖြန်းပါ။ ထိသေစားသေပင်လုံးပြန့် ပိုးသတ်ဆေးကို ဖြန်းပါ။ အပင်ပေါ်မှာ စားသောက်ကြီးထွားပြီး မြေကြီးထဲ ရုပ်ဖုံးပြုလုပ် အကောင်ကြီးဖြစ် အပင်ပေါ်ကို ဥ အု အကောင်ပေါက် သံသရာလည်တာကြောင့် အကောင်မပွားရအောင် အခင်း ရေဝဝသွင်းပြီး မြေကြီးထဲက ရုပ်ဖုံးတွေကို နှိမ်နင်းပါ ရေသွင်းဖို့အဆင်မပြေပါက ဆေးဖြန်းတဲ့အခါ မြေကြီးကိုလည်း ဖြန်းပါ

မြတ်ထွန်းဦး
မြတ်ထွန်းဦး 2,674 လွန်ခဲ့သော ၇ နှစ် က

ဒါကသြောဂဲနစ်နည်းလေးပါfbမှာတွေ့လို့စမ်းကြည့်တာအဆင်ပြေတယ်အကိုရွှံ့ဖျော်ရည်လောင်းနည်းလေးပါ

မြတ်ထွန်းဦး
မြတ်ထွန်းဦး 2,674 လွန်ခဲ့သော ၇ နှစ် က

ကျွန်တော်အခင်းလည်းကျတယ်တအားဘဲသန်းဒါး၂၅၀အီးစီဖြန်းတာပျောက်သွားတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။