ဖြေကြားချက် ၃ ခု
ဘူးဖရုံသခွါး အပင်တွေမှာ အရွက်တွေခြစ်စားတဲ့ပိုးလောက်ကောင်တွေကြောင့်အရွက်တွေပေါက်နေပြီး ပိုးတွေအရွက်အောက်မှာတွေ့ရပါမယ်။ထိသေပိုးသတ်ဆေးဖြန်းနိုင်ပါတယ်။ အရွက်စားကျိုင်း အနီတွေ ကျပါတယ် အရွက်ကိုက်ဖြတ်စားတယ် အပင်နဲ့အမြစ်ကိုက်တယ်။ပင်စည်ထဲဝင်ပြီး အသီးထဲဝင်စားလို့အသီးပုပ်တယ်။ စင်နဲ့စိုက်ရင်အသီးပုပ်သက်သာမယ်။ထိသေပိုးသတ်ဆေးဖြန်းပါ။ခေါင်ညွှန့်စားပိုးလောက်ကောင်က အရွက်နုအညွှန့်ကိုက်ဖြတ်စားပြီး အပင်ပေါ်အမဲရောင်ပိုးချေးတွေတွေ့ရပါမယ်။အပင်ခြေသန့်ရှင်းအောင်ထားပြီး ထိသေစားသေပိုးသတ်ဆေးဖြန်းပါ။ ထွာကောင်စိမ်းပိုးက အစိမ်းရောင်ရှိပြီးအရွက်တွေကို ကိုက်ဖြတ်စားပါတယ်။ အဝါရောင် ကျောပေါ် အစက် ၁၂ စက်ရှိတဲ့လိပ်ခုံးကျိုင်းကအစုလိုက်အပင်ကိုကိုက်ဖြတ်စားပါတယ်။ထိသေပိုးသတ်ဆေးဖြန်းပါ။ ဘူးဖရုံဂျပိုး ဆိုတဲ့ပိုးကျရင် ဂျပိုးနံ့ရပြီး အညွှန့်ပိုင်းမှာ ပင်ရည်ကို စုတ်စားပါတယ်။ ထိသေပိုးသတ်ဆေးဖြန်းပါ။ သီးထိုးယင်က အသီးသီးချိန်မှာ ကျပါတယ်။ယင်အမက အသီးပေါ်ဥ ဥခဲ့ပြီး ပေါက်လာတဲ့လောက်ကောင်က အသီးထဲထိုးဝင်စားသောက်ကြီးထွားပြီး လို့အသီးကို ပုပ်ရိညှိုးကျပျက်စီးစေပါတယ်။ အခင်းအတွင်းသန့်ရှင်အောင်ပြုလုပ်ပါ။သီးထိုးယင်ထောင်ခြောက်ပြုလုပ်ပြီး သီးထိုးယင်ကိုဖမ်းပါ။ မီးခိုးမှိုင်းတိုက်ပေးပါ။ တမာပိုးသတ်ဆေးဖြန်းပါ။ ထိသေပိုးသတ်ဆေးသုံးစွဲနိုင်ပါတယ်။ အပင် စစိုက်တဲ့အချိန်မှစ တပတ်တခါ အမိုင်နိုကို ဖြန်းပေးရင်လည်း ပိုးကိုကာကွယ်နိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဘူး အစေးထွက်ရောဂါ ဘာကြောင့် ဖြစ်ပါသလည်းခင်ဗျာ အဲ့ရောဂါဖြစ်ရင် ဘယ်လိုကာကွယ် ကုသရမလည်း ခင်ဗျာ အကြံပေးစေချင်ပါတယ်...
ဖြေကြားချက် 1 ခု
ဤလတွင်စစိုက်၍ရပါသလား
ဖြေကြားချက် 1 ခု
ဘူးစိုက်ချင်တာဗျဘူးအပေါက်နှေးလို့အမြန်အညှာက်မြန်မြန်ထွက်အောင်ပျိုးနည်းတင်ပေးပါလားဗိ
ဖြေကြားချက် 2 ခု
ဗူးစိုက်ပျိုးနည်း
ဖြေကြားချက် 3 ခု
ဘူး အပင်အားဆေး ဘာဆေးကောင်းလဲ
ဖြေကြားချက် 2 ခု