ဖြေကြားချက် ၈ ခု
ဦးရေ ယဉ်ဖြူ က အကောက်ရေအရမ်းများလာရင် နှိမ်နင်းရခက်လို့ စိုက်ခင်းထဲမှာ တွေ့တာနဲ့ ချက်ချင်း လက်နဲ့သာ ဖယ်ပစ်ပါ ။ အဲနည်းက အထိရောက်ဆုံးပါ ။ယဉ်ဖြူကိုနိုင်တဲ့ မိတ်ဆွေပိုးတွေရှိပေမယ့် ပင်လုံးပြန့်ပိုးသတ်ဆေးတွေကြောင့် ရှားကုန်ကြပါပြီ။ တမာ ရေနံစီ ဆပ်ပြာ စတဲ့ပစ္စည်းတွေကို အခြေခံထုတ်ထားတဲ့ သဘာဝပိုးနှင်ဆေးတွေပုံမှန်ဖြန်းပြီးတော့ ကာကွယ်နိုင်ပါတယ် ဖြန်းတဲ့အခါ အရွက်အောက်မျက်နှာပြင်တွေကို ထိအောင်ဖြန်းပါ ခဏခဏဖြန်းရမှာမို့ အပူချိန်အရမ်များမနေဖို့တော့ လိုပါတယ်ရှင့် အပင်အရွက်က ခံနိုင်ရည်ရှိမယ်ဆိုရင်တော့ ရေအားပြင်းပြင်းနဲ့ ထိုးချလို့ရပါတယ် အိမ်မှာတော့ စင်ပေါ်တင်တဲ့ ပဲပင်တွေကို အာ့နည်းနဲ့သုံးတယ် ယဉ်ဖြူက သီးနှံချိန်ပြီးသွားလည်း တခြားလက်ခံပင်တွေမှာ ကပ်နေနိုင်တာမို့ ရာသီချိန်ပြီးသွားလည်း သတိထားပြီး ရှင်းပစ်ပါ ဦး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဂန္ဓမာပန်းစိုက်ပျိုးနည်းနဲ့ စိုက်ပျိုးသည့်ကာလ အပြည့်စုံလေးသိချင်လို့ပါဗျ
ဖြေကြားချက် 4 ခု
မုှိဆေးဖြန်းပိးခုလိုဖြစ်တာပါဘယ်လိုလုပ်ရမလဲဆရာတိုရယ်
ဖြေကြားချက် 7 ခု
ဂန္ဒမာပန်း ဘယ်လိုလမှာစိုက်ပျိုးလို့အကောင်းဆုံးလဲ ပြန်လည်ဖြေကြားပေးစေလိုပါတယ် ကျန်တော်တို့ဒေသနဲ့ စိုက်ပျိုးလို့...
ဖြေကြားချက် 3 ခု
ဂန္ဓမာကြွေဖြူ ပုံပါရောဂါလေးစကပ်ချင်နေလို့ပါ ဘာဆေးသုံးရင်အဆင်ပြေနိုင်မလဲကူညီပေးကြပါအုံးခဗျာ
ဖြေကြားချက် 9 ခု
ဂန္ဓမာ စိုက်ခင်းထဲ ရွက်ပျန့်ပေါင်းသတ်ချင်တာ ဘာဆေးသုံးရမလဲ ဆေးသုံးလို့ရလား
ဖြေကြားချက် 1 ခု