အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
580
လွန်ခဲ့သော ၇ နှစ် က · ကျိုက်ထို

စပါးအထွက်တိုးအောင်ဘယ်လိုပုံစံစိုက်ရမလဲး

စိုက်ပျိုးနည်း စပါး စပါးစိုက်ပျိုးနည်း
1

ဖြေကြားချက် ၁ ခု

80,504 လွန်ခဲ့သော ၇ နှစ် က

မင်္ဂလာပါ ခင်ဗျ မြန်မာနိုင်ငံရဲ့ စပါးစိုက်ခင်းများကို ကြည့်မယ်ဆိုရင် ကြဲခင်းပဲဖြစ်ဖြစ် စိုက်ခင်းပဲ ဖြစ်ဖြစ် ၁ ဧက ရှိရမယ့် အပင်အရေအတွက် မပြည့်မီတာ ၉၅% ရှိပါတယ်။ ၁ ဧက စပါးခင်းဟာ စိုက်ခင်းဖြစ်မယ်ဆိုရင် ၃ ပေပတ်လည် ၁ ယူနစ်ဧရိယာ အတွင်း တိုင်းကြည့်ပါက အနှံပေါင်း ၄၀၀-၄၅၀ ထိရှိနေရပါမယ်။ ၁ ဧက အနှံပေါင်း အနေနဲ့ ၁၅ သိန်း - ၁၆ သိန်း ခန့်ရှိရမှာ ဖြစ်ပါတယ်။ ကြဲခင်းဖြစ်ပါကလည်း အနှံပေါင်း အနေနဲ့ ၁၅ သိန်း - ၁၆ သိန်း ခန့်ရှိရမှာ ဖြစ်ပါတယ်။ စပါးမှာ မူလစိုက်ကတည်းက သတ်မှတ်အပင်အရေအတွက်မပြည့်ပါက အနှံလည်းပြည့်မှာ မဟုတ်သလို အထွက်နှုန်းလည်း လျော့မှာ ဖြစ်ပါတယ်။ ၁ ဧကမှာ ကောက်ကွက် အရေအတွက် ၁၀၀၀၀ လျော့ရင် စပါး ၁ တင်းလျော့ထွက်ပါတယ်။ ဒါကြောင့် စိုက်ခင်းပဲ ဖြစ်ဖြစ်၊ ကြဲခင်းပဲ ဖြစ်ဖြစ် ၁ ဧက သတ်မှတ်တဲ့ အနှံအရေအတွက် ပြည့်ဖို့အတွက် ဆောင်ရွက်ရမှာ ၂ ချက်ရှိပါတယ်။ ၁။ ၁ ဧက သတ်မှတ်အပင်အရေအတွက် ပြည့်မှီအောင် စိုက်ပျိုးခဲ့ဖို့နဲ့ ၂။ သတ်မှတ်ထားတဲ့ ပင်ပွား ရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ပင်ပွားထွက်ရှိမှုကို စိုးမိုးထားတာတွေကတော့ တမန်းကောင်းစွာ ပြင်ခဲ့မှု၊ ပင်ပွားချိန်မှာ ရေ ၁ လက်မ ၁ လက်မခွဲ ထုတ်ထားနိုင်မှု၊ စိုက်ခင်းဖြစ်ခဲ့ရင် ကောက်ပင်ကို တမန်းမှာ နက်နက် မထိုးမိစေဖို့ပဲ ဖြစ်ပါတယ်။ အထက်ဖော်ပြပါအခြေခံ အချက်တွေ ဂရုတစိုက်လုပ်ပေးမယ် ဆိုရင်တော့ စပါးအထွက် အပြောင်းအလဲ ဖြစ်နိုင်မှာပါ ခင်ဗျ။ ကိုးကား > အောင်ဆန်း(စိုက်ပျိုးရေး) စိုက်ပျိုးရေး အကြံပြုချက်များ ၂

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။