အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,212
လွန်ခဲ့သော ၈ နှစ် က

အပင်​​တွေမှာမှို​ရောဂါဖြစ်​တဲ့အခါအပင်​ရဲ့ဘယ်​အစိတ်​အပိုင်​းကို​ဆေးဖျန်​းရင်​ပိုထိ​ရောက်​မလဲ​ဗျာ​ဖြေကြား​ပေးပါကျွန်​​တော့်ခရမ်​းပင်​​တွေ​သေ​နေလို့ပါ​ဆေးဖျန်​းရင်​လဲမထိ​ရောက်​လို့ပါ

ပိုးမွှားရောဂါ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ခရမ်းပင် မှိုရောဂါကျတာကို ဘယ်လိုသိပါသလဲ အပင်က ဘယ်လို တွေ ဖြစ်နေပါသလဲ ရေသွင်းစနစ်မမှန်တာ အေးပြီး စိုထိုင်းဆများတဲ့ရာသီမှာ အရွက် ဝါပြီး ခြောက်သေပါတယ် တကယ်လို့ အပေါ်ရွက်ကနေစပြီးဝါပြီး အောက်ကိုဆက်ဝါပြီးခြောက်သေရင် Verticillium wilt လို့ခေါ်တဲ့ မြေဆောင်မှိုရောဂါပါ ပင်လုံးပြန့် မှိုသတ်ဆေး သုံးပါ မှိုရောဂါ ဖြစ်ပေါ်စေတဲ့ ရာသီးဥတု ဆက်ဖြစ်နေရင် ဆေးရဲ့ a.i ကို မတူအောင်ဖြန်းပါ။ မှိုရောဂါကျခဲ့တဲ့ ခရမ်းခင်းမှာ နေရာမှာ ခရမ်းကို ထပ်ပြီးမစိုက်ဘဲ တခြားသီးနှံ လှည့်စိုက်ရပါမယ်။ အပင်က အရွက်တွေ အောက်ကနေ အပေါ် ဝါခြောက်ပြီး အပင် သေတယ်ဆိုရင် မှိုရောဂါ မဟုတ်ပါ ဘက်တီးရီးယားရောဂါပါ ဒါဆို မှိုသတ်ဆေးဖြန်းရင်လည်း အကျိုးမထူးပါ။ မှိုရော ဘက်တီးရီးယားကို နှိမ်နင်းနိုင်တဲ့ ကော့ပါးပါတဲ့ဆေးသုံးစွဲ နှိမ်နင်းရပါမယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။