အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ကြက်သွန်နီပင်ထောင်စိုက်ထားတာ ဂုတ်တွေကျိုးကျနေလို့ဘယ်လိုလုပ်ရမလည်း

ဖြေကြားချက် ၂ ခု

လွန်ခဲ့သော ၈ နှစ် က

Daw Ayethanda Soe အဖြေမှာ ဂျစ်ပစင်ကျွေးခြင်းနဲ့ ဇင့်ဆာလဖိတ် ဖျန်းတာကို ဖြည့်စွက်ချင်ပါတယ် ရေအစိုဓာတ်ကိုလည်း သတိထားပေးပါ

လွန်ခဲ့သော ၈ နှစ် က

ကြက်သွန်ပင်သက်တမ်း ဘယ်နှစ်ရက်ရှိပါပြီလဲ။ ရေသွင်းစိုက်ပျိုးတာပါလား။ ရေသွင်းခြင်းမှ ရောဂါ ပျံနှံ့ ကူးစက်တတ်ပါ၍ ရောဂါကျ အခင်းအား ဖြတ်ပြီး ရောဂါကင်းစင်အခင်းသို့ ရေသွင်းခြင်းမှ ရှောင်ကြဉ်ပါ။ အေးသောအချိန် အပူချိန် ၁၈ံC တွင် ပိုပြီး ကျရောက်နိုင်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ ကြက်သွန်တောင့်တဲ့မြီးရောဂါပါ။ ပင်လုံးပြန့် မှိုသတ်ဆေး ဖြန်းပါ။ ကြက်သွန်ခင်း ရေမဝပ်စေရန် ဂရုစိုက်ပါ။ N မြေသြဇာ လွန်ကဲစွာ မထည့်ပါနှင့်။ အပူချိန် နိမ့်သော ရာသီဥတုအခြေအနေတွင် ရောဂါစတွေ့ပြီးသည်မှစ ပင်လုံးပြန့်မှိုသတ်ဆေးအား ၁၀ -၁၄ ရက် ခြား ဖြန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။