အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,045
လွန်ခဲ့သော ၇ နှစ် က · ရေဦး

စပါးအပင်ပွှာများအောင်ဘယ်လိုလုပ်သင့်ပါလဲ

အပင်အာဟာရ စပါး စပါးစိုက်ပျိုးနည်း
3

ဖြေကြားချက် ၃ ခု

80,504 လွန်ခဲ့သော ၇ နှစ် က

ပျိုးသက် ၂၀ ရက်သား ဝန်းကျင်မှာစိုက်ပျိုးမယ်ဆိုရင် ပင်ပွားများများထွက်ဖို့ အခွင့်အရေး ရှိပါတယ်။

290 လွန်ခဲ့သော ၇ နှစ် က

ပျိုးပင်နုနုဆိုရင်ရက်ဘယ်လောက်သားဆိုစိုက်ရင်ပိုကောင်းလဲသိပရစေ

80,504 လွန်ခဲ့သော ၇ နှစ် က

စပါးမှာ ပင်ပွား များများထွက်ဖို့ စစိုက်ကတည်းက ပျိုးသက်နုနုနဲ့စိုက်ဖို့ လိုပါတယ်။ ရာသီတု အခြေအနေအရ မစိုက်ဖြစ်ဘူးဆိုရင်တော့ ကောက်စိုက်ပြီး ၁၅ ရက်နဲ့ အနှံလောင်းမထွက်ခင် ၁၀ ရက်ကြား ကာလဟာ စပါး ပင်ပွားများများထွက်တဲ့ကာလ ဖြစ်ပြီး အဲ့ချိန်မှာ ယူရီးယားမြေသြဇာ ၃ ပုံ ၁ ပုံ ကျွေးဖို့လိုအပ်ပါမယ်။ မြေသြဇာ မကျွေးခင်မှာ ပေါင်းမြက်ရှင်းဖို့လိုပြီး ကျွေးမယ့်မြေသြဇာကို တစ်ခုတည်း ကျွေးမှာထက် နွားချေး (သို့မဟုတ်) မြေဆွေးနဲ့ ၁ ညနှပ်ထားပြီးမှ ကျွေးခြင်းဟာ မြေသြဇာ လေလွင့်မှုနည်းပြီး ပိုထိရောက်ပါတယ် ခင်ဗျ။ နောက်တစ်ခုကတော့ ရေသွင်း ရေထုတ် စနစ်ပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ စပါးမှာလိုအပ်တာထက် ရေများနေမယ်ဆိုရင်တော့ ပင်ပွားထွက်ရှိမှုကို ထိခိုက်နိုင်လို့ဖြစ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။