ငရုပ်ပင်တွေရွက်ချောက်ဝင်pသေကုန်တာဘာဆေးသုံးရမလည်းရှင့်
ရွှေ့စိုက်တာကြာပြီလား။တစ်ပင်/နှစ်ပင်ကွက်ပြီးဖြစ်တာလား။ဖြစ်တဲ့အပင်ကိုနှုတ်ကြည့်ပါ။အမြစ်ပုတ်ပြီးရိနေတယ် မှိုမျှင်လေးတွေတွေ့တယ်ဆိုရင် မြစ်ပုတ်နာရောဂါပါ။အပင်တော်တော်များများဖြစ်နေတယ်ဆိုရင် မှိုသတ်ဆေးဖျန်းပေးပါ။နည်းရင်အပင်တွေကိုနှုတ်ပြီးမြေမြှုတ်ပစ်ပါ။နောက်တစ်ခုက စမ်းကိုက်တာလည်းဖြစ်နိုင်ပါတယ်။ကြားထွန်ဝင်ပြီးမြေဆွပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုတ်ပင်ရဲ့ခါးမှာမည်းမည်းကြီးဖြစ်ပြီးအပင်တွေမှိုင်နေတာဘာဖြစ်လို့ပါလည်းဘာဆေးဖျန်းရပါမလဲ
ဖြေကြားချက် 1 ခု
ငရုတ်မှာခေါင်ပုပ် ခါပုပ်ကျနေလို့ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ငရုပ်စိုက်ခင်းထဲ ခုလို အပင်တေသေနေပါတယ်ဘယ်လို ဆေးသုံးကာကွယ်ရမလဲခဗျာ
ဖြေကြားချက် 2 ခု
ကျနော်အပင်လေးတွေအရွက်တွေဝါပြီးကြွေကျကုန်လို့ဘာဖစ်တာလဲသိချင်လို့ပါဖြေပေးကြပါနော်
ဖြေကြားချက် 2 ခု
သေနေလို့
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။