အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၇ ခု

ဦးဇော်ထိုက်
ဦးဇော်ထိုက် 348 လွန်ခဲ့သော ၆ နှစ် က

အကို​ရေကျွန်​တော့ခရမ်းချဥ်အပင်ကလဲအနာအဆာမရှိအသီးကလဲအနာအဆာမရှိဒါ​ပေမဲ့အပင်ကမကြာမကြာညှိုးညှိုးသွားတယ်ဘယ်လိုလုပ်ရမလဲ

Aung Gyi
Aung Gyi 15,048 လွန်ခဲ့သော ၆ နှစ် က

စောပင်နာကျအတွက် ကော့ပါးပါတဲ့ မှိုသတ်ဆေးသုံးလို့ရပါတယ် နောင်နှစ်တွေဆက်မဖြစ်အောင် သီးလှည့်စိုက်ပါ။ခရမ်း အာလူးလို သီးနှံ‌မျိုးတွေ ဒီနေရာမှာ ထပ်မစိုက်သင့်ပါဘူး။တခြားသီးနှံတွေပြောင်းစိုက်ပါ။ရာသီချိန်ပြီးရင် ပင်ကြွင်းပင်ကျန်နဲ့ ပေါင်းမြက်တွေကို ရှင်းပစ်ပါ။အရွက်တွေ ရေစိုနေချိန် အသီးခူးတာမျိုးရှောင်ပါ။ရောဂါပိုပြန့်နိုင်တာမို့ပါ

Aung Gyi
Aung Gyi 15,048 လွန်ခဲ့သော ၆ နှစ် က

အစ်ကိုအပင်ရဲ့ အရွက်မှာ ဝိုင်းစက်နေတဲ့ အမဲရောင်အစက်တွေ့ရလို့ စောပင်နာကျရဲ့ အစောပိုင်း လက္ခဏာလို့ ယူဆပါတယ်။သေချာအောင် အရွက်ရဲ့ အောက်မျက်နှာပြင်ကိုကြည့်ကြည့်ပါ။တဖြည်းဖြည်းအမဲစက်လေးက စက်ကွင်းပုံစံလေးနဲ့ကြီးလာပြီး ဘေးနားတစ်ဝိုက်က ဝါနေမယ်ဆို သေချာပါပြီ။အောက်ရွက်တွေက စဖြစ်တတ်ပါတယ်။ဒီ လက္ခဏာတွေနဲ့ကိုက်ရဲ့လား စစ်ကြည့်ပါ အစ်ကို။ ကိုယ်တိုင်စစ်ဆေးဆုံးဖြတ်တာက အထိရောက်ဆုံးဖြစ်မှာပါ။

အမည်မသိ
အမည်မသိ 232 လွန်ခဲ့သော ၆ နှစ် က

ထုံးနှင့်ဒုတ္ထာ ဖျန်းပါ ကော့ပါချို့တဲ့နေ

လှမင်းဦး
လှမင်းဦး 116 လွန်ခဲ့သော ၆ နှစ် က

အနည်းလိုအဟာရဖျန်းကြည့်ပါ

ရဲရင့်ကျော်
ရဲရင့်ကျော် 1,682 လွန်ခဲ့သော ၆ နှစ် က

ဆေးလေးလမ်းညွန်ပေးပါဗျာ

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

စောပင်နာကျရောဂါ ကျနေတာပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။