ဖြေကြားချက် ၆ ခု
အခုစိုက်ချင်လို့မေးတာဗျ အရင်နှစ်တွေကကြက်သွန်ကြားမှာနှမ်းအလှေ့ပေါက်ကသီးလို့မေးတာပါဗျ
အသီးဝင်နေပြီဆိုတော့ ရနိုင်ပါတယ်။
ဒေသကတော့ကြက်သွန်စိုက်ကြတယ် နှမ်းပြန်ပေါ့ နှမ်းရိပ်ပြီး ထယ်ရေးလုပ်ပြီးပြန်စိုက်ကြတယ် နှမ်းကွဲလို့ကြခဲ့တဲ့အစေ့ကကြက်သွန်ကြားမှာပေါက်ပြီးအသီးသီးတယ်ဗျရေသွင်းလို့ရတဲ့နေရာမှာစိုက်ရင်ဖြစ်နိုင်လောကမယ်ထင်လို့မေးကြည်တာပါဗျ
အောင်မြင်ဖြစိထွန်းမှု မရှိနိုင်ဘူးလို့ထင်ပါတယ်။နှမ်းကို နွေနှမ်း..မိုးနှမ်း..ဆောင်းနှမ်းဆိုပြီး ၃မျိုးစိုက်ပျိုးလေ့ရှိိပါတယ်။နွေနှမ်းကို ဖေဖေါ်ဝါရီမှမတ်လကုန်အတွင်း ရေသွင်း/ဘောင်စံနစ်နဲ့စိုက်ကြပါတယ်။မိုးနှမ်းကို မေ/ဇွန် မိုးရွာတာနဲ့စိုက်ကြပါတယ်(မကွေး/တောင်တွင်းကြီး)။ဆောင်းနှမ်းကို စက်တင်ဘာလကုန်နောက်ဆုံးထားစိုက်ကြပါတယ်(ပခုက္ကူ/မြိုင်/ရေစကြို) မြန်မာနိုင်ငံအလယ်ပိုင်း/အညာဒေသ မှာမိုးတွင်းအစိုဓါတ်နဲ့စိုက်ကြတာမို့ စက်တင်လကုန်နောက်ဆုံးထားစိုက်ကြခြင်းဖြစ်ပါတယ်။အဲဒါထက်နောက်ကျပြီးမှစိုက်ကြမယ်ဆိုရင် အပင်ဖြစ်ထွန်းမှုကာလတလျှောက်မှာ အစိုဓါတ်မလုံလောက်ခြင်း.. နေရောင် ခြည်ရရှိမှုနည်းခြင်း..ရာသီဥတုအေးခြင်း..တွေနဲ့မလွဲမသွေကြုံတွေ့ ပြီး အပင်ဖြစ်ထွန်းမှုနည်းမယ်..ပျက်စီးနိုင်တယ်။သီးတော့၂လုံးပြွတ် ရိတ်တော့ဖင်တရွတ် ဖြစ်သွားနိုင်ပါတယ်။မစိုက်စေလိုပါ။နှမ်းရဲ့သဘောက ပူအိုက်ဆွတ်စိုတဲ့ရာသီဥတုနဲ့ အစိုဓာတ်လုံလောက်စွာရှိမှုကိုကြိုက်ပါတယ်။ဒါပေမဲ့ ရေဝပ်တာကိုတော့မကြိုက်ပါဘူး။
ဟုတ်ကျေးဇူးပါဗျ
ဖြစ်တယ်
ဆက်စပ်မေးခွန်းများ
စပါးရိတ်သိမ်းပြီးနှမ်းပြန်စိုက်မလို့ပါဘယ်လိုစိုက်စနစ်နဲ့လှပ်ရမလဲအကြံပြုပေးပါခင်ဗျာကျေးဇူးတင်တယ်
ဖြေကြားချက် 3 ခု
နှမ်းစိုက်နည်းလေးဖြေကြားပေးပါ
ဖြေကြားချက် 2 ခု
နှမ်းမျိုးကောင်းမျိုးသန့်နှင့်နှမ်းစိုက်နည်းနှမ်းကျဲနည်းများကိုကျေးဇူးပြု၍အလင်းပြပေးပါ
ဖြေကြားချက် 0 ခု
နှမ်းကို ရေသွင်းစိုက်မယ်ဆိုရင် ဇန်နဝါရီမှာ စိုက်လို့ရ မရ သိချင်ပါတယ် ဖြေပေးကြပါဦးရှင့်
ဖြေကြားချက် 8 ခု
နှမ်းနက်မျိုး စိုက်ပျိုးနည်းနှင့် မျိုးစေ့ လိုချင် သိချင်ပ ါသည် ခင်မျာ
ဖြေကြားချက် 2 ခု